၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့ နံနက်
၁၀ နာရီမှ ၁၁ နာရီခွဲခန့်ထိ ဂန့်ဂေါမြို့မရဲစခန်းမှ ဒုရဲအုပ် ဖြိုးဟိန်းထွဋ်
ဦးစီးသော တပ်ဖွဲ့ဝင်များသည် ဂန့်ဂေါမြို့နယ်၊ ခေါင်းတုံကျေးရွာ အခြေခံ ပညာအထက်တန်းကျောင်းတွင်
ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်အေးနှင့် ဆရာ/ဆရာမများ၊
ကျောင်းသား/ကျောင်းသူများ၊ ခေါင်းတုံကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံအေးနှင့် ကျေးရွာနေ
ပြည်သူ များအား ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်း၊ သက်ငယ်မုဒိမ်းမှု
လျော့နည်းကျဆင်းရေး ပညာပေးဟောပြောခြင်းများပြုလုပ်ခဲ့ပြီး ပညာပေးလက်ကမ်းစာစောင် များအား
ဖြန့်ဝေပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
နေ့လည် ၂ နာရီမှ ၃ နာရီခန့်ထိတွင်လည်း ဂန့်ဂေါမြို့နယ်၊
ကန်နယ်မြေရဲစခန်းမှူး ရဲအုပ် အောင်ကျော်ဝင်း ဦးစီးသောတပ်ဖွဲ့ဝင်များသည် ကန်သာကျေးရွာအုပ်ချုပ်ရေးမှူး
ဦးစိုးလွင်၊ အရန်မီးသတ်တပ်စုမှူး ဦးမင်းဝေ တို့နှင့်အတူ ကန်သာကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင်
ကျေးရွာ သူ/ကျေးရွာသားများအား သက်ငယ်မုဒိမ်းမှု လျော့နည်း ကျဆင်းရေး၊ မူးယစ်ဆေးဝါးသုံစွဲမှု
ပပျောက်ရေး အသိပညာပေးဟောပြောခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။ Wednesday, July 24, 2019
Subscribe to:
Post Comments (Atom)






0 comments:
Post a Comment