၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့ နံနက် ၉ နာရီမှ ၁၁
နာရီခန့်ထိ ချောက်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းဌေးဝင်း၊ ကြက်ခြေနီတပ်ရင်းမှ ဒုတပ်ရင်းမှူး
ဦးသန်းဝင်း၊ ရင်ခွင်မဲ့ကလေးများ လျော့ချ ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းအဖွဲ့မှ
ဒေါ်ရီရီမြင့် တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ချောက်မြို့၊ အမှတ်(၁)ရပ်ကွက်၊ တိုးချဲ့ရပ်ရှိ
အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းခန်းမတွင် ကျောင်းအုပ်ဆရာကြီး ဒေါက်တာ အောင်သိန်းစိုးနှင့်
ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော
ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးနှင့် ဆောင်ရန်၊ ရှောင်ရန် အချက်များအား ရှင်းလင်းဟောပြောခဲ့ပြီး
ကျောင်းသား/ကျောင်းသူများမှ သိရှိသောအချက်များ မေးမြန်းမှုအား ပြန်လည်ဖြေကြားဆွေးနွေး
ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Wednesday, July 31, 2019
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment