၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့ နံနက် ၉ နာရီမှ ၁၁
နာရီခွဲခန့်ထိ ပခုက္ကူမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ဌေး၊ အမှတ်(၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ
ရဲအုပ် ခင်မောင်ထွန်း၊ အမှတ်(၂)လူကုန်တား တပ်ဖွဲ့စုမှ ဒုရဲအုပ် မြတ်သူ၊ မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးမြင့်ဆောင်၊ အစိုးရနည်းပညာအထက်တန်း ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးထွန်းမြိုင်၊
လူမှုဝန်ထမ်းမူကြိုကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်သီရိသိန်းမြင့် တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည်
ပခုက္ကူမြို့၊ စက်မှုဇုံအနီး၊ အစိုးရ နည်းပညာအထက်တန်းကျောင်းတွင် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအား
ရဲမှူး ကျော်ဌေးနှင့် ရဲအုပ် ခင်မောင်ထွန်းတို့မှ ယာဉ်စည်းကမ်း/လမ်းစည်းကမ်းအကြောင်း
ရှင်းလင်း ခြင်း၊ ပခုက္ကူမြို့မရဲစခန်းမှူး ဒုရဲမှူး မင်းဇော်ဦးမှ သက်ငယ်မုဒိမ်းမှုပပျောက်စေရေး
အသိ ပညာပေး ဟောပြောခြင်း၊ ဒုရဲအုပ် မြတ်သူမှ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး ဟောပြောခြင်း၊
ဒေါ်သီရိသိန်းမြင့်မှ ကလေးသူငယ်များ လူနေမှုဘ၀ အဆိုးအကောင်း ခွဲခြားတက်စေရန် အသိ ပညာပေးဟောပြောခြင်းနှင့်
အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Wednesday, July 31, 2019
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment