၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့ ညနေ ၆ နာရီခန့်တွင်
ရေစကြိုမြို့နယ်၊ ပခန်းကြီးနယ်မြေ ရဲစခန်းမှ ဒုရဲအုပ် မျိုးမင်းသိန်း ဦးဆောင်သောတပ်ဖွဲ့ဝင်များသည်
သက်သေများနှင့်အတူ လှည့်ကင်းတာဝန်ဆောင်ရွက်နေစဉ် ဆင်ချောင်းကျေးရွာ၊ ပခုက္ကူ-ရေစကြိုကားလမ်းဘေးတွင်
ရေစကြိုမြို့နယ်၊ ဆင်ချောင်းကျေးရွာနေ မြင့်ငွေ(ခ)နိုင်ဦး၊ ၃၅ နှစ်သည် အရက်သောက်စား
မူးယစ်ပြီး အရိုး/အသွား(၁၀)လက်မခန့်ရှိ ၀ါးရိုးတပ်ဓါးဦးချွန်(၁)ချောင်းနှင့် အရိုး/ အသွား
(၁၉)လက်မခန့်ရှိ သံရိုးတပ်ဓါးဦးချွန်(၁)ချောင်းတို့အား ကိုင်ဆောင်ရမ်းကားနေသည်ကို
တွေ့ရှိရ၍ မြင့်ငွေ(ခ)နိုင်ဦးအား ရေစကြိုမြို့နယ်၊ ပခန်းကြီးနယ်မြေရဲစခန်း(ပ)၈၈/၂၀၁၉၊
လက်နက်ဥပဒေ ပုဒ်မ ၁၉(င) အရ အရေးယူ ဆောင်ရွက်ထားရှိပါသည်။
Saturday, July 27, 2019
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment