၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့ နံနက် ၉ နာရီမှ ၁၁
နာရီခွဲခန့်ထိ ရေစကြိုမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်ဖေ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးမှူး
ဦးအောင်မြင့်၊ လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ ရဲအုပ် သိန်းဌေး၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ
ဒုဦးစီးမှူး ဒေါ်မီမီကျော်၊ ရေစကြို မြို့နယ်ပြည်သူ့ဆေးရုံမှ သူနာပြုဆရာမကြီး ဒေါ်တင်မိုးနွယ်၊
အမျိုးသမီးအိမ်တွင်းမှု သက်မွေး လုပ်ငန်း အတတ်ပညာသင်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး
ဒေါ်မိုးမိုးအောင် တို့ပါဝင် သော ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့သည် ရေစကြိုမြို့၊ အမျိုးသမီးအိမ်တွင်းမှု
သက်မွေးလုပ်ငန်း အတတ်ပညာသင်တန်းကျောင်းတွင် အဆင့်မြင့်စက်ချုပ်သင်တန်းအမှတ်စဉ်(၃၇)မှ
သင်တန်းသူ (၂၀)ဦး၊ အခြေခံအိမ်တွင်းမှုသင်တန်းအမှတ်စဉ်(၄၀)မှ သင်တန်းသူ(၅၀)ဦး၊ အမျိုးသမီးရေးရာ
အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ စုစုပေါင်းအင်အား(၁၁၀)ဦးတို့အား
ရဲမှူး မြင့်ဖေမှ ဥပဒေအကြောင်း အသိပညာပေး ဟောပြောခြင်း၊ ခေတ္တမြို့မရဲစခန်းမှူးမှ ယာဉ်
စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်း၊ ရဲအုပ် သိန်းဌေးမှ လူကုန်းကူးမှု တားဆီးကာကွယ်ရေး
အသိပညာပေး ဟောပြောခြင်း၊ သူနာပြု ဆရာမကြီး ဒေါ်တင်မိုးနွယ်မှ ရင်သားကင်ဆာအကြောင်း အသိပညာပေးဟောပြောခြင်း၊
ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်မီမီကျော်မှ နိုင်ငံသားစီစစ်ရေးကဒ် ပြုလုပ်ရခြင်း၏
ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခြင်းများ ပြုလပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Subscribe to:
Post Comments (Atom)




0 comments:
Post a Comment