Wednesday, July 31, 2019


၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့ ညနေ ၃ နာရီမှ ၄ နာရီခန့်အထိ မကွေးတိုင်းဒေသကြီး စည်းရုံးရေးကော်မတီ အတွင်းရေးမှူး မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး ဦးစီး(ပ)(ဦး/ရေး/ ထောက်) ဒုရဲမှူးကြီး တင်မိုး ဦးစီး၍ "ရဲဇာနည်ခန်းမ"၌ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လအတွက် ဆန္ဒ ဖော်ထုတ်ပွဲပြုလုပ်ခဲ့ရာ ရဲမှူး(မှုခင်းမှတ်တမ်း)၊ ရဲမှူး(ရေး/ထောက်)၊ ဒုရဲမှူး(ဦးစီး)၊ ဒုရဲမှူး (ရေး/ထောက်)၊ အရာရှိ၊ အခြားအဆင့်၊ စာရေးဝန်ထမ်း(၉၆)ဦး၊ မိသားစုဝင်(၃၄)ဦး၊ စုစုပေါင်း (၁၃၀)ဦးတို့ တက်ရောက်ခဲ့ပြီး ဒုရဲမှူးကြီး တင်မိုးမှ အိမ်ထောင်သည်မိသားစု နေအိမ်လိုင်းခန်း ပတ်ဝန်းကျင် အမြဲသန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရန်၊ မိမိတို့ တပိုင်တနိုင်စိုက်ပျိုး မွေးမြူရေး ဆောင်ရွက်ထားကြရန်နှင့် မိသားစုများ စည်းလုံးညီညွတ်စွာနေထိုင်သွားရန်နှင့် အုပ်ချုပ်မှုလျော့နည်းဖြစ်စဉ်များ မဖြစ်စေရန်၊ မိမိဝင်ငွေနှင့်ထွက်ငွေမျှတစွာသုံးစွဲရန် စသည် တို့အား မှာကြားခဲ့ပါသည်။ 
ဆက်လက်၍ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ ဦး/ရေး/ထောက်ဌာနစိတ်များနှင့် ရဲအကူတပ်ဖွဲ့ခွဲ တို့မှ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လအတွက် တာဝန်ထမ်းဆောင်မှု အကောင်းဆုံးဝန်ထမ်းဆုအဖြစ်  ဦးစီး(ပ)(ဦး/ရေး/ထောက်) ဒုရဲမှူးကြီး တင်မိုးမှ ဦးစီးဌာနစိတ်များ၏ အကောင်းဆုံး ၀န်ထမ်း(၁) ဦး၊ ရေးဌာနစိတ်များ၏ အကောင်းဆုံးဝန်ထမ်း(၁)ဦးတို့အား ဆုချီးမြှင့်ခြင်း၊ ရဲမှူး တင်တင်အေးမှ ထောက်ဌာနစိတ်များ၏ အကောင်းဆုံးဝန်ထမ်း(၁)ဦး၊ ရဲအကူတပ်ဖွဲ့ခွဲ၏ အကောင်းဆုံးဝန်ထမ်း (၂)ဦးတို့အား ဆုချီးမြှင့်ခြင်း၊ ၀တ်စားဆင်ယင်မှု အကောင်းဆုံး ၀န်ထမ်းဆု ရရှိသူ(၂)ဦးအား ရဲမှူး သက်လွင်မှ ဆုချီးမြှင့်ခြင်းများတို့ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။    




0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video