Tuesday, July 30, 2019


မကွေး၊ ဇူလိုင်လ ၃၀ ရက်
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီခွဲခန့်ထိ ပခုက္ကူမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ဌေး၊ ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ပခုက္ကူ)မှ ဒုရဲအုပ် အေးမြသီတာလှိုင် တို့ ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် ပခုက္ကူမြို့၊ အခြေခံပညာအလယ်တန်းကျောင်းတွင် ဆရာ/ဆရာများ၊ ကျောင်းသား/ကျောင်းသူများအား  မှုခင်းလျော့နည်းကျဆင်းရေး၊ သက်ငယ်မုဒိမ်းမှု လျော့နည်း ကျဆင်းရေး၊ လူကုန်ကူးမှု အန္တရာယ်တားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီး ကာကွယ်ရေး၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်းများ ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video