၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့ နံနက် ၉ နာရီမှ ၁၁
နာရီခွဲခန့်ထိ ပခုက္ကူမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ဌေး၊ အမှတ်(၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ
ရဲအုပ် ခင်မောင်ထွန်း၊ အမှတ်(၂)လူကုန်တား တပ်ဖွဲ့စုမှ ဒုရဲအုပ် မြတ်သူ၊ မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးမြင့်ဆောင်၊ အစိုးရနည်းပညာအထက်တန်း ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးထွန်းမြိုင်၊
လူမှုဝန်ထမ်းမူကြိုကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်သီရိသိန်းမြင့် တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည်
ပခုက္ကူမြို့၊ စက်မှုဇုံအနီး၊ အစိုးရ နည်းပညာအထက်တန်းကျောင်းတွင် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအား
ရဲမှူး ကျော်ဌေးနှင့် ရဲအုပ် ခင်မောင်ထွန်းတို့မှ ယာဉ်စည်းကမ်း/လမ်းစည်းကမ်းအကြောင်း
ရှင်းလင်း ခြင်း၊ ပခုက္ကူမြို့မရဲစခန်းမှူး ဒုရဲမှူး မင်းဇော်ဦးမှ သက်ငယ်မုဒိမ်းမှုပပျောက်စေရေး
အသိ ပညာပေး ဟောပြောခြင်း၊ ဒုရဲအုပ် မြတ်သူမှ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး ဟောပြောခြင်း၊
ဒေါ်သီရိသိန်းမြင့်မှ ကလေးသူငယ်များ လူနေမှုဘ၀ အဆိုးအကောင်း ခွဲခြားတက်စေရန် အသိ ပညာပေးဟောပြောခြင်းနှင့်
အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Wednesday, July 31, 2019
3:10 PM
minnthwin
Local News, NEWS, Regional News
No comments
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့ နံနက် ၉ နာရီမှ ၁၁
နာရီခန့်ထိ ချောက်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းဌေးဝင်း၊ ကြက်ခြေနီတပ်ရင်းမှ ဒုတပ်ရင်းမှူး
ဦးသန်းဝင်း၊ ရင်ခွင်မဲ့ကလေးများ လျော့ချ ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းအဖွဲ့မှ
ဒေါ်ရီရီမြင့် တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ချောက်မြို့၊ အမှတ်(၁)ရပ်ကွက်၊ တိုးချဲ့ရပ်ရှိ
အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းခန်းမတွင် ကျောင်းအုပ်ဆရာကြီး ဒေါက်တာ အောင်သိန်းစိုးနှင့်
ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော
ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးနှင့် ဆောင်ရန်၊ ရှောင်ရန် အချက်များအား ရှင်းလင်းဟောပြောခဲ့ပြီး
ကျောင်းသား/ကျောင်းသူများမှ သိရှိသောအချက်များ မေးမြန်းမှုအား ပြန်လည်ဖြေကြားဆွေးနွေး
ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
3:09 PM
minnthwin
Local News, NEWS, Regional News
No comments
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့ နေ့လည် ၁ နာရီမှ ၂
နာရီခွဲခန့်ထိ ဆောမြို့နယ်၊ လောင်းရှည် နယ်မြေရဲကင်းစခန်းမှူး ရဲအုပ် စိုးသီဟ ဦးဆောင်သောတပ်ဖွဲ့ဝင်များသည်
ဆောမြို့နယ်၊ ယန်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မြင့်နှင့်
ကျေးရွာသူ/ကျေးရွာသား များအား မှုခင်းလျော့နည်းကျဆင်းရေး၊
သက်ငယ်မုဒိမ်းမှု လျော့နည်းကျဆင်းရေး၊ လူကုန်ကူးမှု အန္တရာယ်တားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်
တားဆီးကာကွယ်ရေး၊ ယာဉ် စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း
သတင်းရရှိပါသည်။
3:06 PM
minnthwin
Local News, NEWS, Regional News
No comments
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့ နေ့လည် ၁ နာရီမှ ၂
နာရီခွဲခန့်ထိ မင်းတုန်းမြို့နယ်၊ မြောက်ပြင်ရဲကင်းစခန်းမှူး ဒုရဲအုပ် မြတ်သိန်းထိုက်
နှင့်အဖွဲ့သည် မင်းတုန်းမြို့နယ်၊ မှန်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ကျေးရွာသူ/ကျေးရွာသားများအား မှုခင်းများ လျော့နည်းကျဆင်းရေး၊ သက်ငယ်မုဒိမ်းမှု
လျော့နည်းကျဆင်းရေး၊ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး၊ မူးယစ် ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊
ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း
သတင်းရရှိပါသည်။
3:04 PM
minnthwin
Local News, NEWS, Regional News
No comments
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့ နေ့လည် ၁ နာရီမှ ၂
နာရီခွဲခန့်ထိ မြိုင်မြို့မရဲစခန်းမှ ဒုရဲအုပ် ဇော်မင်းထွေး ဦးဆောင်သောတပ်ဖွဲ့ဝင်များသည်
သံပုရာခြံကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကံဆောင်နှင့်
ကျေးရွာသူ/ကျေးရွာသားများအား မှုခင်း လျော့နည်း
ကျဆင်းရေး၊ သက်ငယ်မုဒိမ်းမှု လျော့နည်းကျဆင်းရေး၊ လူကုန်ကူးမှု အန္တရာယ်တားဆီး ကာကွယ်ရေး၊
မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်းများ
ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Subscribe to:
Posts (Atom)