မကွေး၊
ဇွန်လ ၂ ရက်
၂၀၁၉
ခုနှစ်၊ မေလ ၃၁ ရက်နေ့ နံနက် ၉ နာရီခွဲမှ ၁၂ နာရီခန့်ထိ ကုန်းဇောင်းနယ်မြေရဲစခန်းမှ
ရဲအုပ် မောင်မောင်နု ဦးစီးသောတပ်ဖွဲ့ဝင်များသည် မှုခင်းအသိပညာပေးပြခန်းယာဉ်ဖြင့် ပွင့်ဖြူမြို့နယ်၊
ကုန်းဇောင်းကျေးရွာအုပ်စု၊ သူဌေးတန်းရပ် စည်ပင်သာယာဈေးအနီး၊ လမ်းဆုံတွင် ဈေးသူ/ဈေးသား
များ၊ လမ်းသွား/လမ်းလာ ပြည်သူများအား ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်း၊
မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ သက်ငယ်မုဒိမ်းမှု မဖြစ်ပွားစေရေး အသိပညာပေး ဟောပြောခြင်းနှင့်
လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်၍
နေ့လည် ၁ နာရီခွဲမှ ၃ နာရီထိ ပွင့်ဖြူမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်ဇော်၊ မြို့မရဲစခန်းမှူး
ဒုရဲမှူး အေးဇော် တို့ ဦးစီးသည့် တပ်ဖွဲ့ဝင်များသည် ပွင့်ဖြူမြို့နယ်၊ ရှောက်တောလမ်းဆုံတွင်
လည်းကောင်း၊ နေ့လည် ၃ နာရီခွဲမှ ၄ နာရီခွဲခန့်ထိ ပွင့်ဖြူမြို့နယ်၊ စည်ပင်သာယာဈေး
အရှေ့ဘက် တွင်လည်းကောင်း မှုခင်းအသိပညာပေးဟောပြောခြင်း၊
ယာဉ်စည်းကမ်း/လမ်းစည်းကမ်းအသိပညာပေး ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ခဲ့ကြောင်း
သတင်းရရှိပါသည်။
0 comments:
Post a Comment