မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ
မကွေးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆရာဒကာလှူဒါန်းမှု အဖြစ်
လစဉ်လှူဒါန်းဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ မေလ ၃၁ ရက်နေ့ နံနက် ၉ နာရီခန့် တွင်လည်း
မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်ဇော် ဦးဆောင်၍ ဒုတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး
ယာယီရဲမှူးကြီး ခင်မောင်လတ်၊ မကွေးခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုရဲမှူးကြီး စိုင်းခမ်းလူ၊
ရဲအကူတပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး စောလေးဝါး ဒုယာဉ်ထိန်းတပ်ဖွဲ့ခွဲ (မကွေး)မှ
ဒုတပ်ဖွဲ့ခွဲမှူး၊ မှုခင်း ရဲတပ်ဖွဲ့(မကွေး) မှ တပ်ဖွဲ့စုမှူး၊ သတင်းရဲတပ်ဖွဲ့
(မကွေး)မှ ဒုတပ်ဖွဲ့ခွဲမှူးတို့ ပါဝင်သော တပ်ဖွဲ့များ မှ စုပေါင်း၍
ရာဇမုနိဘုန်းတော်ကြီးကျောင်းသို့ ဆန်(၂)အိတ်၊ ဆီ(၅)ပိဿာ အားလည်းကောင်း၊
အောင်မြေရတနာဘုန်းတော်ကြီးကျောင်းသို့ ဆန် (၅)အိတ်၊ ဆီ(၁၀)ပိဿာအားလည်းကောင်း၊
ပုည၀တီဘုန်းတော်ကြီးကျောင်းသို့ ဆန်(၃)အိတ်၊ ဆီ(၁၀) ပိဿာအားလည်းကောင်း သွားရောက် လှူဒါန်းခဲ့ကြောင်း
သိရှိရပါသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment