မကွေး၊ မေလ
၁၇ ရက်
၂၀၁၉ ခုနှစ်၊ မေလ ၁၇ ရက်နေ့ နံနက်
၇ နာရီမှ ၉ နာရီခွဲခန့်အထိ ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲကင်း ရဲစခန်းမှူး ရဲအုပ်
မင်းမင်းကျော် ဦးစီးသော တပ်ဖွဲ့ဝင်များ၊ အရံမီးသတ်တပ်စုမှူး ဦးမျိုးတင့်တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပနန်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်ဦး နှင့်
ကျေးရွာနေပြည်သူများအား မုဒိမ်းမှု/သက်ငယ်မုဒိမ်းမှုများ မဖြစ်ပွားစေရေး၊
လူမှောင်ခို/ လူကုန်ကူးမှု မခံရစေရေး
အသိပညာပေးဟောပြောခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ရေး နှင့်
ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်း၊ အသိပညာပေးလက်ကမ်း စာစောင်
ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment