Saturday, May 18, 2019

ထီးလင်းမြို့နယ်တွင် ရဲတပ်ဖွဲ့မှ သောက်သုံးရေပြတ်လပ်နေသော ကျေးရွာများသို့ သွားရောက်၍ ရေလှူဒါန်းမှု
မကွေး၊ မေလ ၁၈  ရက်
၂၀၁၉ ခုနှစ်၊ မေလ ၁၇ ရက်နေ့ နံနက် ၈ နာရီမှ ၉ နာရီခွဲခန့်ထိ ထီးလင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းမင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုဦးစီးမှူး ဦးဇော်ဇော်မိုး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကျော်ထွေး၊ မြို့နယ်ကျေးလက်ဖွံ့ဖြိုးရေး ဦးစီးမှူး ဦးအေးထွန်းမင်း တို့ ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် သောက်သုံးရေ ရှားပါး/ပြတ်လပ်လျက်ရှိသော ထီးလင်းမြို့နယ်၊ အုံးနှောက် ကျေးရွာအုပ်စု၊ မြောင်းကြီးကျေးရွာသို့ သွားရောက်ပြီး ရေဂါလံ(၁၇၀၀)ခန့်အား လှူဒါန်းခဲ့ရာ ရွာသူ/သားများမှ လက်ခံခဲ့ကြကြောင်း သတင်းရရှိပါသည်။  





0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video