မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ
တိုင်းအဆင့် စံပြရဲရွေးချယ်ခြင်းများ ပြုလုပ်လျက်ရှိရာ ခရိုင်အဆင့်မှ
ရွေးချယ်တင်ပြလာသော ရဲအုပ်အဆင့်(၄)ဦး၊ ဒုရဲအုပ်အဆင့်(၅)ဦး၊
ရဲတပ်ကြပ်ကြီးအဆင့်(၅)ဦး၊ ရဲတပ်ကြပ်အဆင့်(၆)ဦး၊ ရဲဒုတပ်ကြပ်အဆင့်(၆)ဦး၊
ရဲတပ်သားအဆင့်(၆)ဦးတို့အား ၂၀၁၉ ခုနှစ်၊ မေလ ၂၂ ရက်နေ့ နံနက်ပိုင်းက မကွေးမြို့၊
ခရိုင်အားကစားကွင်း၌ ကြံ့ခိုင်ရေးစစ်ဆေးခြင်း၊ မေလ ၂၃ ရက်နေ့ နံနက် ၉ နာရီမှ ၁၁
နာရီထိ ရေးဖြေစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အဆင့်အလိုက် ရဲတပ်ဖွဲ့ဝင်များအား
မေလ ၂၄ ရက်နေ့တွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ မှူးရုံး၊ ရဲဇာနည်ခန်းမ၌
လူတွေ့စစ်ဆေးခြင်းများ ပြုလုပ်သွားမည်ဖြစ်ပြီး အဆင့်အလိုက် တစ်ဆင့် လျှင်
(၁)ဦးနှုန်း (၆)ဦးအား စိစစ်ရွေးချယ်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်အဆင့်သို့
သွားရောက် ယှဉ်ပြိုင်ရန် စေလွှတ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။




0 comments:
Post a Comment