Thursday, May 23, 2019

မကွေး၊ မေလ ၂၃ ရက်
၂၀၁၉ ခုနှစ်၊ မေလ ၂၂ ရက်နေ့ ညနေ ၆ နာရီကျော်ခန့်တွင် မင်းဘူးမြို့နယ်၊ စကုနယ်မြေ ရဲစခန်းအပိုင်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာများတွင် နေအိမ်များ အမိုးလန်၊ ပြိုကျပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
မင်းဘူးမြို့နယ်၊ ကြောင်ပန်းကုန်းကျေးရွာနေ ဒေါ်ချိုဇင်၊ ၄၀ နှစ်၏ လေးပင်(၂)ထပ်၊ သွပ်မိုးထရံကာ နေအိမ်မှာ ပြိုကျပျက်စီးခြင်း၊ ဦးတင်လတ်၊ ၄၄ နှစ်၏ ၃ပင်(၁)ထပ်နေအိမ်ပါ အိမ်(၁၄)လုံးမှာ အမိုး များ လန်သွားခြင်း၊ ခန်ကုန်းကျေးရွာအုပ်စု၊ ဘုမ္မနိုးကျေးရွာနေ ဦးအောင်တင်မြင့်၊ ၄၀ နှစ်၏ ၃ ပင် (၁)ထပ်၊ သွပ်မိုးထရံကာနေအိမ်မှာ ပြိုကျပျက်စီးခြင်း၊ ဦးဇော်ဝင်း၊ ၄၃ နှစ်၏ (၃ပင်/၄ခန်း) နေအိမ်ပါ အိမ် (၆၈)လုံးမှာ သွပ်မိုးများလန်ခြင်း၊ ဦးသန်းဝင်း၊ ၂၈ နှစ်၏ ၄ ပင် (၂)ထပ် နေအိမ်မှာ ပြိုကျ ပျက်စီးခြင်း၊ ဦးအေးစိုး၊ ၃၀ နှစ်၏ ၃ ပင်(၁)ထပ် နေအိမ်ပါ(၂၈)လုံးမှာ သွပ်မိုးများလန်ခြင်း၊ ထနောင်းတောကျေးရွာအုပ်စု၊ တောဘိုကုန်းကျေးရွာနေ ဦးခင်မောင်ဝင်း၊ ၄၅ နှစ်၏ ၄ ပင် (၂)ထပ် အိမ်မှာ ပြိုကျပျက်စီးခြင်း၊ ဦးသန်းထွန်းလေး၊ ၄၅ နှစ်၏ ၄ ပင် (၂)ထပ်အိမ်ပါ အိမ်(၁၉)လုံးမှာ သွပ်မိုးများလန်သွားခြင်း ဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိပါသည်။










0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video