၂၀၁၉ ခုနှစ်၊ မေလ ၃၀ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်တွင် စလင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်ကြည် ဦးစီးသောတပ်ဖွဲ့ဝင်များသည် မှုခင်းအသိပညာပေးပြခန်းယာဉ်ဖြင့် စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းနယ်မြေအပိုင်၊ မြောက်ရှားတောကျေးရွာအုပ်စု၊ မြောက်ရှားတောကျေးရွာနှင့် စုံကုန်း ကျေးရွာအတွင်းရှိ ကျေးရွာနေပြည်သူ(၈၀၀)ဦးခန့်အား မှုခင်းအသိပညာပေး ဟောပြောခြင်း၊ ယာဉ် စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ ကြောင်း သတင်းရရှိပါသည်။
Friday, May 31, 2019
Thursday, May 30, 2019
7:58 PM
minnthwin
Local News, NEWS, Regional News
No comments
မကွေး၊ မေလ
၃၀ ရက်
၂၀၁၉ ခုနှစ်၊
မေလ ၃၀ ရက်နေ့ ညနေ ၃ နာရီခန့်တွင် မကွေးတိုင်းဒေသကြီး စည်းရုံးရေးကော်မတီ ဒုဥက္ကဌ ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး
ယာယီရဲမှူးကြီး ခင်မောင်လတ် ဦးစီး၍ ´´ရဲဇာနည် ခန်းမ``၌ ၂၀၁၉ ခုနှစ်၊ မေလအတွက် ဆန္ဒဖော်ထုတ်ပွဲပြုလုပ်ခဲ့ရာ
ဦးစီး(ပ)(ဦး/ရေး/ထောက်)၊ ရဲအကူတပ်ဖွဲ့ခွဲမှူး၊
မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးနှင့် ရဲအကူတပ်ဖွဲ့ခွဲမှ အရာထမ်း၊ အမှုထမ်း၊ စာရေးဝန်ထမ်း(၈၂)ဦး၊
မိသားစုဝင်(၃၅)ဦး၊ စုစုပေါင်း(၁၁၇)ဦး တို့အား ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးမှ
ဝင်ငွေ/ထွက်ငွေ မျှတအောင် သုံးစွဲကြရန်၊ အိမ်ထောင်သည်မိသားစု နေအိမ်လိုင်းခန်း ပတ်ဝန်းကျင်
အမြဲသန့်ရှင်းသာယာ လှပရေး ဆောင်ရွက်ထားရန်၊ မိသားစုများ စည်းလုံးညီညွတ်စွာ နေထိုင်သွားရန်နှင့်
အုပ်ချုပ်မှုလျော့နည်း ဖြစ်စဉ်များ မဖြစ်စေရန်တို့အား မှာကြားခဲ့ပါသည်။
ဆက်လက်၍
ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးမှ ၂၀၁၉ ခုနှစ်၊ မေလအတွက် တာဝန်ထမ်းဆောင်မှု အကောင်းဆုံးဝန်ထမ်းဆုအဖြစ် ဦးစီးဌာနစိတ်များ၏ အကောင်းဆုံးဝန်ထမ်း(၁)ဦး၊
ရေးဌာနစိတ်များ၏ အကောင်းဆုံးဝန်ထမ်း(၁)ဦးတို့အားလည်းကောင်း၊ ဦးစီး(ပ)(ဦး/ရေး/ထောက်)မှ
ထောက်ဌာနစိတ်များ၏ အကောင်းဆုံးဝန်ထမ်း(၁)ဦး၊ ရဲအကူတပ်ဖွဲ့ခွဲ၏ အကောင်းဆုံးဝန်ထမ်း
(၂)ဦး တို့အား လည်းကောင်း၊ ရဲအကူတပ်ဖွဲ့ခွဲမှူးမှ ၀တ်စားဆင်ယင်မှုအကောင်းဆုံး
တပ်ဖွဲ့ဝင် (၂)ဦး တို့အား လည်းကောင်း ဆုချီးမြှင့် ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း
သတင်းရရှိပါသည်။
5:24 PM
minnthwin
Local News, NEWS, Regional News
No comments
၂၀၁၉
ခုနှစ်၊ မေလ ၂၉ ရက်နေ့ နံနက် ၈ နာရီမှ ၁၀ နာရီခွဲခန့်ထိ စလင်းမြို့နယ်ရဲတပ်ဖွဲ့မှူး
ရဲမှူး ခင်မောင်ကြည်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ် မိုးဝင်းထက် ဦးစီးသောတပ်ဖွဲ့ဝင်များသည်
မှုခင်း အသိပညာပေးပြခန်းယာဉ်ဖြင့် စလင်းမြို့နယ်၊ ဈေးမရပ်ကွက်၊ မြို့မဈေးတောင်ဘက်တွင်
ဈေးသွား/ ဈေးလာ ပြည်သူ(၈၀၀)ဦးခန့်အား ညနေ ၄ နာရီမှ ၅ နာရီခွဲခန့်ထိ စလင်းမြို့နယ်၊
မြင်တင်ရပ်ကွက်၊ ရှင်ပင်ရွှေပြည်အေး ဘုရားပွဲတော်ဝန်းအတွင်း၌လည်းကောင်း မှုခင်းအသိပညာပေး
ဟောပြောခြင်း၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ
ဖြန့်ဝေ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
5:14 PM
minnthwin
Local News, NEWS, Regional News
No comments
၂၀၁၉ ခုနှစ်၊ မေလ ၂၉ ရက်နေ့ နေ့လည် ၁ နာရီခွဲခန့်မှ
၂ နာရီခွဲခန့်ထိ တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားနယ်မြေရဲစခန်းမှူး ရဲအုပ် ၀င်းနိုင်
ဦးစီးတပ်ဖွဲ့ဝင်များသည် တောင်တွင်းကြီးမြို့နယ်၊ ကသာအုပ်စု၊ ရွာခွဲတာဝန်ခံ ဦးဌေးလတ်၏
နေအိမ်၌ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်မိ/ရပ်ဖ များ၊ ကျေးရွာသူ/သားများအား သက်ငယ်မုဒိမ်းမှုလျော့နည်းကျဆင်းရေး၊
မှုခင်းလျော့နည်း ကျဆင်း ရေး၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောခြင်း၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း
အသိ ပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
4:56 PM
minnthwin
Local News, NEWS, Regional News
No comments
၂၀၁၉ ခုနှစ်၊ မေလ ၂၉ ရက်နေ့ နေ့လည် ၃ နာရီခန့်မှ ၎
နာရီခွဲခန့်ထိ ချောက်မြို့မရဲစခန်းမှူး ဒုရဲမှူး လှနောင် ဦးစီးတပ်ဖွဲ့ဝင်များသည် ချောက်မြို့နယ်၊
ရေတွင်းကြီးကျေးရွာအုပ်ချုပ်ရေးရုံးတွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရဲမောင်နှင့် ကျေးရွာသူ/သားများအား သက်ငယ်မုဒိမ်းမှုလျော့နည်းကျဆင်းရေး၊
မှုခင်းလျော့နည်းကျဆင်းရေး၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောခြင်း၊ အပူဒဏ် ကာကွယ်ရေး၊
ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
4:52 PM
minnthwin
Local News, NEWS, Regional News
No comments
၂၀၁၉
ခုနှစ်၊ မေလ ၂၉ ရက်နေ့ ညနေ ၃ နာရီခွဲခန့်တွင် ချောက်မြို့မရဲစခန်းမှ ဒုရဲအုပ် ၀င်းဇော်နှင့်
အဖွဲ့သည် နှစ်လုံးထီလောင်းကစားပြုလုပ်နေကြောင်း သတင်းအရ သက်သေများနှင့်အတူ ချောက်မြို့၊
အမှတ်(၅)ရပ်ကွက်နေ မတင်တင်ဝင်း၊ ၅၂ နှစ်၏ နေအိမ်သို့ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်း အမှတ်(၃/၂၀၁၉)ဖြင့်
ဝင်ရောက်ရှာဖွေရာ ၎င်းနေအိမ်ရှေ့စားပွဲခုံပေါ်မှ နှစ်လုံးထီလောင်းကစားရာတွင် အသုံးပြုသော
စာရွက်စာတမ်းများ၊ VIVO အမျိုးအစား အဖြူရောင် ဖုန်း (၁)လုံး၊ လောင်းကြေးေ ငွစက္ကူရောရာ
(၁၁၅၀၀၀ိ/-)တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မတင်တင်ဝင်းအား ချောက်မြို့မရဲစခန်း
(ပ)၆၀၀/၂၀၁၉၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/ ၁၉(က) အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Subscribe to:
Posts (Atom)