Thursday, May 30, 2019


၂၀၁၉ ခုနှစ်၊ မေလ ၂၉ ရက်နေ့ ညနေ ၃ နာရီခွဲခန့်တွင် ချောက်မြို့မရဲစခန်းမှ ဒုရဲအုပ် ၀င်းဇော်နှင့် အဖွဲ့သည် နှစ်လုံးထီလောင်းကစားပြုလုပ်နေကြောင်း သတင်းအရ သက်သေများနှင့်အတူ ချောက်မြို့၊ အမှတ်(၅)ရပ်ကွက်နေ မတင်တင်ဝင်း၊ ၅၂ နှစ်၏ နေအိမ်သို့ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်း အမှတ်(၃/၂၀၁၉)ဖြင့် ၀င်ရောက်ရှာဖွေရာ ၎င်းနေအိမ်ရှေ့စားပွဲခုံပေါ်မှ နှစ်လုံးထီလောင်းကစားရာတွင် အသုံးပြုသော စာရွက်စာတမ်းများ၊ VIVO အမျိုးအစား အဖြူရောင် ဖုန်း (၁)လုံး၊ လောင်းကြေးေ ငွစက္ကူရောရာ (၁၁၅၀၀၀ိ/-)တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မတင်တင်ဝင်းအား ချောက်မြို့မရဲစခန်း (ပ)၆၀၀/၂၀၁၉၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/ ၁၉(က) အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video