Thursday, May 30, 2019


မကွေး၊ မေလ ၃၀ ရက်
၂၀၁၉ ခုနှစ်၊ မေလ ၃၀ ရက်နေ့ ညနေ ၃ နာရီခန့်တွင် မကွေးတိုင်းဒေသကြီး စည်းရုံးရေးကော်မတီ ဒုဥက္ကဌ ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ယာယီရဲမှူးကြီး ခင်မောင်လတ် ဦးစီး၍ ´´ရဲဇာနည် ခန်းမ``၌ ၂၀၁၉ ခုနှစ်၊ မေလအတွက် ဆန္ဒဖော်ထုတ်ပွဲပြုလုပ်ခဲ့ရာ ဦးစီး(ပ)(ဦး/ရေး/ထောက်)၊ ရဲအကူတပ်ဖွဲ့ခွဲမှူး၊ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးနှင့် ရဲအကူတပ်ဖွဲ့ခွဲမှ အရာထမ်း၊ အမှုထမ်း၊ စာရေးဝန်ထမ်း(၈၂)ဦး၊ မိသားစုဝင်(၃၅)ဦး၊ စုစုပေါင်း(၁၁၇)ဦး တို့အား ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးမှ ၀င်ငွေ/ထွက်ငွေ မျှတအောင် သုံးစွဲကြရန်၊ အိမ်ထောင်သည်မိသားစု နေအိမ်လိုင်းခန်း ပတ်ဝန်းကျင် အမြဲသန့်ရှင်းသာယာ လှပရေး ဆောင်ရွက်ထားရန်၊ မိသားစုများ စည်းလုံးညီညွတ်စွာ နေထိုင်သွားရန်နှင့် အုပ်ချုပ်မှုလျော့နည်း ဖြစ်စဉ်များ မဖြစ်စေရန်တို့အား မှာကြားခဲ့ပါသည်။
ဆက်လက်၍ ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးမှ ၂၀၁၉ ခုနှစ်၊ မေလအတွက် တာဝန်ထမ်းဆောင်မှု အကောင်းဆုံးဝန်ထမ်းဆုအဖြစ်  ဦးစီးဌာနစိတ်များ၏ အကောင်းဆုံးဝန်ထမ်း(၁)ဦး၊ ရေးဌာနစိတ်များ၏ အကောင်းဆုံးဝန်ထမ်း(၁)ဦးတို့အားလည်းကောင်း၊ ဦးစီး(ပ)(ဦး/ရေး/ထောက်)မှ ထောက်ဌာနစိတ်များ၏ အကောင်းဆုံးဝန်ထမ်း(၁)ဦး၊ ရဲအကူတပ်ဖွဲ့ခွဲ၏ အကောင်းဆုံးဝန်ထမ်း (၂)ဦး တို့အား လည်းကောင်း၊ ရဲအကူတပ်ဖွဲ့ခွဲမှူးမှ ၀တ်စားဆင်ယင်မှုအကောင်းဆုံး တပ်ဖွဲ့ဝင် (၂)ဦး တို့အား လည်းကောင်း ဆုချီးမြှင့် ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။









0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video