Sunday, March 3, 2019

မကွေး၊ မတ်လ ၂ ရက်
၂၀၁၉ ခုနှစ်၊ မတ်လ ၂ ရက်နေ့ နံနက် ၈ နာရီခွဲမှ ၁၀ နာရီခန့်အထိ စကုနယ်မြေရဲစခန်းမှူး ရဲအုပ် သိန်းဝင်းဆွေ ဦးစီးတပ်ဖွဲ့ဝင်များသည် မင်းဘူး(စကု)မြို့နယ်၊ စကုမြို့၊ အမှတ်(၁)ရပ်ကွက်၊ ရှမ်းစု မြောက် ရပ်၊ မင်းဘူး-စကုကားလမ်းဘေးတွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ မှုခင်းပညာပေး ပြခန်းယာဉ် ဖြင့် မှုခင်းအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ ရပ်ကွက်နေပြည်သူများ လာရောက် ကြည့်ရှုလေ့လာခဲ့ပြီး လက်ကမ်းစာစောင်ဖြန့်ဝေပေးအပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မင်းဘူးမြို့နယ်၊ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ကျော်ထွန်းဝင်း၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်အေးစန္ဒာမြင့်၊ အမှတ်(၁၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူး မောင်မောင်သန်းတို့ ဦးဆောင်သော အဖွဲ့သည် မင်းဘူးမြို့၊ အမှတ်(၃)ရပ်ကွက်၊ မင်းဘူး-မကွေးကားလမ်းဘေးတွင် မှုခင်းပညာပေးပြခန်းယာဉ်ဖြင့် မှုခင်းအကြောင်း အရာများ၊ သက်ငယ်မုဒိမ်း/မုဒိမ်းမှုမျာျး လျော့နည်း ကျဆင်းရေး၊ မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်နှင့် ယာဉ်စည်းကမ်း/လမ်းစည်းကမ်း ဆိုင်ရာများ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ရာ ရပ်ကွက်နေ ပြည်သူ(၁၀၀၀)ဦးခန့် လာရောက်ကြည့်ရှုလေ့လာခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။






0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video