Sunday, March 3, 2019

မကွေး၊ မတ်လ ၂ ရက်
၂၀၁၉ ခုနှစ်၊ မတ်လ ၂ ရက်နေ့ည ၁၁ နာရီကျော်ခန့် ငဖဲမြို့နယ်၊ နတ်ရေကန်ပူးပေါင်းစစ်ဆေးရေး ဂိတ်(ပျဉ်းဝ)တွင် အမှတ်(၁၅)မူးယစ်တပ်ဖွဲ့စု(မကွေး)မှ ဒုရဲမှူး ကျော်စွာထွန်း၊ ငဖဲမြို့မရဲစခန်းမှ ဒုရဲအုပ် ဦးလှစိန်၊ သစ်တောရဲတပ်ဖွဲ့မှ ဒုရဲအုပ် ခင်မောင်တင့်၊ စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့မှ တပ်ကြပ်ကြီး ခင်ဦးတို့ ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ရန်ကုန်မှ စစ်တွေ သို့ ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ အမှတ်(၃)ရပ်ကွက်နေ သိန်းကျော်၊ ၃၇ နှစ်၊ (ဘ)ဦးစိန်သာထွန်း မောင်းနှင်လာသော 2M/9787 ဒိုင်နာအဖြူရောင်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ရန်ကုန်တိုင်း ဒေသကြီး၊ သင်္ကန်းကျွန်းမြို့နယ်၊ လေးဒေါင့်ကန်ရပ်ကွက်နေ ကျော်မင်းဦး၊ ၃၆ နှစ်၊ (ဘ)ဦးလှမင်း၊ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ခံပြင် ကျေးရွာနေ အောင်စိန်၊ ၅၃ နှစ်၊ (ဘ)ဦးအောင်မြကျော် တို့နှင့်အတူ ကားကြမ်းခင်းအောက်တွင် ၀ှက်၍ သယ်ဆောင်လာသည့် WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား (၁၄၃၉၉၄၅)ပြား၊ (၁၄၃၉၉၄.၅)ဂရမ်၊ ခန့်မှန်းတန်ဘိုး(၇၁၉၉၇၂၅၀၀၀)ကျပ်အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။
စိတ်ကြွဆေးပြားများ သယ်ဆောင်လာသူ သိန်းကျော်၊ အောင်စိန်၊ ကျော်မင်းဦးတို့(၃)ဦးအား ငဖဲမြို့နယ်၊ ပဒါန်း နယ်မြေရဲစခန်း မူးယစ်(ပ)၁/၂၀၁၉ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၀(က)/၂၁ အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်​။




0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video