Friday, February 15, 2019


မကွေး၊ ဖေဖေါ်ဝါရီလ ၁၅ ရက်
၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၆ နာရီခွဲခန့်တွင် မင်းတုန်းမြို့မရဲစခန်းမှူး ဒုရဲမှူး စိန်သောင်း ဦးစီးသောတပ်ဖွဲ့ဝင်များသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦစီးမှူး ဦးမျိုးမင်းထွန်းနှင့်အဖွဲ့၊ မြို့နယ်သစ်တောဦးစီးဌာနမှ တောခေါင်း ဦးကျော်ဝင်း၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးအေးမင်းအောင်၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှ ဦးသန်းကိုနှင့် အဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဦးကြည်လင်းတို့ပါဝင်သောပူးပေါင်းအဖွဲ့နှင့်အတူ  မင်းတုန်း မြို့နယ်၊ ၀က်ကော်ကျေးရွာအုပ်စု၊ ငကုန်းကျေးရွာ၏ အနောက်ဘက်(၈)မိုင်ခန့်၊ ငကုန်းကျေးရွာနှင့် ရသေ့တောင်ကြား စကူချောင်းဖျားအနီးတွင် ဘိန်းပင်များစိုက်ပျိုးထားကြောင်း သတင်းပေးချက်အရ သွားရောက်စစ်ဆေးခဲ့ရာ ဘိန်းပင်(၂)ပေ (၆)လက်မခန့် အရွယ်ရှိ(၀.၈)ဧကခန့် ဘိန်းခင်းအား တွေ့ရှိ၍ ဖျက်ဆီးဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။





0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video