Saturday, February 16, 2019


မကွေး၊ ဖေဖေါ်ဝါရီလ ၁၅ ရက်
၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက် ၉ နာရီအချိန် ၁၀ နာရီခွဲအချိန်အထိ မကွေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ 3H/3726 UD Counter မှုခင်းပြခန်းယာဉ်ဖြင့် မင်းလှမြို့နယ်၊ ပန်းတော်ပြင်ကျေးရွာအနီး အမှတ်(၉၄၉)စက်လက်နက်ပစ္စည်းတပ်ခွဲစက်ရုံဝန်းအတွင်း၌  မှုခင်းအသိ ပညာပေးပြခန်းယာဉ်ဖြင့် မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ထင်လင်းအောင် ဦးစီးတပ်ဖွဲ့ဝင်များ၊ အမှတ်(၁၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး(မင်းဘူး)မှ ဒုရဲမှူး မောင်မောင်သန်း ဦးစီး တပ်ဖွဲ့ဝင်များ၊ ဒုတိယ မြို့နယ်ဥပဒေအရာရှိ ဦးစည်သူမျိုးမျိုးလှိုင် တို့ပူးပေါင်းအဖွဲ့မှ မှုခင်းအသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးမှ မှုခင်းပညာပေးပြခန်းယာဉ်ဖြင့် ပညာပေးဟောပြောရခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခြင်း၊ ဒုရဲမှူး မောင်မောင်သန်းမှ ယာဉ်/လမ်းစည်းကမ်းနှင့် ပတ်သတ် သည့် အကြောင်းအရာများ ရှင်းလင်းပြောကြားခြင်း၊ ဒုရဲမှူး သန်းလှိုင်မှ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးဆိုင်ရာသိကောင်းစရာများ ရှင်းလင်းပြောကြားခြင်း၊ ရဲအုပ် အောင်နိုင်ဦးမှ သက်ငယ်မုဒိမ်းမှု မဖြစ်ပွားစေရေး လိုက်နာသတိပြုရန်အချက်များအား ရှင်းလင်းပြောကြားခြင်း၊ လူမှောင်ခို/လူကုန်ကူးမှုဆိုင်ရာ သိကောင်းစရာများနှင့်ပတ်သတ်၍ အသိပညာပေး ဟောပြောခြင်း၊ ဦးစည်သူမျိုးမျိုးလှိုင်မှ လောင်းကစားမှုများနှင့်ပတ်သတ်၍ အသိပညာပေး ဟောပြောခြင်း၊ မှုခင်း အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး စက်လက်နက်ပစ္စည်း တပ်ခွဲစက်ရုံ(၉၄၉)မှ အရာရှိ/အရာခံ/အကြပ်/စစ်သည်များနှင့် မိသားစုဝင်များ(၂၀၀)ဦးခန့်မှ တက်ရောက်ကြည့်ရှု လေ့လာခဲ့ပါသည်။
ထို့နောက် နံနက် ၁၁ နာရီမှ ၁၁ နာရီခွဲအထိ မင်းလှမြို့၊ ရုံးရပ်မြောက်ပိုင်းရပ်ကွက်၊ မြို့မရဲစခန်းရှေ့၊ တာဘောင်ကြီးလမ်း၌ မှုခင်းအသိပညာပေးပြခန်းယာဉ်ဖြင့် ရဲမှူး ထင်အောင်လင်း၊ ဒုရဲမှူး မောင်မောင်သန်း ဦးစီးတပ်ဖွဲ့ဝင်၊ ဒုရဲမှူး သန်းလှိုင် ဦးစီးတပ်ဖွဲ့ဝင်များ၊ ဦးစည်သူမျိုးမျိုးလှိုင်တို့ ပူးပေါင်းအဖွဲ့မှ လမ်းသွား/လာ ခရီးသွားပြည်သူများအား မှုခင်းအသိပညာပေး လက်ကမ်းစာစောင် များ ဖြန့်ဝေပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။




0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video