မကွေး၊
ဖေဖေါ်ဝါရီလ ၁၄ ရက်
၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃
ရက်နေ့ ညနေ ၅ နာရီခွဲခန့်တွင် သရက်ခရိုင်၊ မင်းလှမြို့နယ်၊
ရေနံမနယ်မြေရဲစခန်းအပိုင် ၀က်သွယ်ကျေးရွာအနီးတွင် မသင်္ကာလူစိမ်းများ
ရောက်ရှိနေကြောင်း သတင်း အရ ရေနံမနယ်မြေရဲစခန်းမှူး ရဲအုပ် မျိုးမင်းထွန်း ဦးဆောင်သော
အဖွဲ့များသည် ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့များနှင့် ပူးပေါင်း၍ သွားရောက်စိစစ်ခဲ့ရာ ၀က်သွယ်ကျေးရွာ၏
မြောက်ဘက် (၄)မိုင်ခန့်အကွာ ရေကြည်စမ်းတွင် ကျောက်တော်မြို့နယ်၊
တောင်ထောင်ကဲကျေးရွာနေ အဒူမာဂျယ်လ်(ခ)လှမောင်၊ ၂၅ နှစ်ပါ(၃၄)ဦးအားလည်းကောင်း၊ ည ၉
နာရီကျော်ခန့်တွင် ၀က်သွယ် ကျေးရွာ အနောက်ဘက်(၁)မိုင်ခန့် အကွာတောထဲတွင်
ကျောက်တော်မြို့နယ်၊ ခေါင်းတုတ် အလယ်ကျွန်းကျေးရွာနေ အီစမိုင်၊ ၂၀ နှစ်ပါ
(၉)ဦးအား လည်းကောင်း၊ တရားမ၀င်အထောက်ထား မဲ့ဝင်ရောက်လာသည့်
ခိုးဝင်မွတ်ဆလင်လူမျိုး စုစုပေါင်း(၄၃)ဦးအား ထပ်မံတွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့်
မြို့နယ်လ၀ကနှင့်ပူးပေါင်း၍ အရေး ယူနိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း
သတင်းရရှိပါသည်။
0 comments:
Post a Comment