မကွေး၊
ဖေဖေါ်ဝါရီလ ၁၄ ရက်
၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃
ရက်နေ့ နံနက် ၉ နာရီခန့်မှ ၁၁ နာရီခွဲခန့်အထိ ရေစကြိုမြို့နယ် ရဲတပ်ဖွဲ့မှူး
ရဲမှူး မြင့်ဖေ ဦးစီးတပ်ဖွဲ့ဝင်များသည် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်၊
လူကုန်ကူးမှု တားဆီးကာကွယ်နှိမ်နင်းရေးတပ်ဖွဲ့မှ ဒုရဲအုပ် မြတ်သူ၊
မြို့နယ်ပြည်သူ့ဆေးရုံမှ သူနာပြုဆရာမကြီး ဒေါ်တင်မိုးနွယ်၊ အမျိုးသမီးအိမ်တွင်းမှု
သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး
ဒေါ်မိုးမိုးအောင်နှင့်အတူ ရေစကြိုမြို့နယ်၊ ပေကုန်းကျေးရွာအနီး အမျိုးသမီးအိမ်တွင်းမှု
သက်မွေး လုပ်ငန်းပညာသင်တန်းကျောင်းမှ နည်းပြဆရာမများ၊ အဆင့်မြင့်သင်တန်းအမှတ်စဉ်
(၃၆/ ၂၀၁၉)မှ သင်တန်းသူများ၊ အခြေခံအိမ်တွင်းမှု သင်တန်းအမှတ်စဉ်(၃၉/၂၀၁၉)မှ
သင်တန်းသူများ၊ စုစုပေါင်း အင်အား (၁၀၀)ဦးခန့်အား မှုခင်းများလျော့နည်းကျဆင်းရေး၊ ယာဉ်စည်းကမ်း/
လမ်း စည်းကမ်း အသိ ပညာပေးခြင်းများ၊ သူနာပြုဆရာမကြီးမှ HIV နှင့် AIDS
ရောဂါများအကြောင်း အသိပညာပေးခြင်းများ၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ
လူကုန်ကူးမှုများအကြောင်း အသိပညာပေးခြင်းများအား ဆောင်ရွက်ခဲ့ကြပါကြောင်း
သတင်းရရှိပါသည်။
0 comments:
Post a Comment