Thursday, January 24, 2019


မကွေး၊ ဇန်န၀ါရီလ ၂၃ ရက်
၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်တွင် မင်းလှမြို့နယ်၊ ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး အောင်မြင့်ဦး ဦးဆောင်သော အမှတ်(၄)ဘိန်းခင်းရှာဖွေဖျက်ဆီးရေးစစ်ကြောင်းအဖွဲ့သည် နတ်တောင်ကျေးရွာမှ ဆင်တောင်ကျေးရွာဘက်သို့ ထွက်ခွာ၍ တောတောင်လျှိုမြောင်းများတွင် ဘိန်း စိုက်ပျိုးထားရှိမှု ရှိ/မရှိ တောနင်းရှာဖွေခဲ့ရာ ဆင်တောင်ကျေးရွာသို့ မရောက်မီ ဆင်တောင် ကျေးရွာ၏ တောင်ဘက(၂)မိုင်ခန့်အကွာရှိ ဆင်တောင်ကြောရှိ တောင်စောင်းတွင် အကျယ် (၁.၁၄)ဧကခန့်၊ အပင် အမြင့်(၂)ပေခွဲခန့်၊ အချင်း(၁)လက်မခန့်ရှိ အသီးများ၊ အပွင့်များဖြင့် ဘိန်းပင်များ စိုက်ပျိုးထားသော ဘိန်းခင်း(၁)ခင်းအား ရှာဖွေတွေ့ရှိ၍ စစ်ကြောင်းအဖွဲ့မှ ဖျက်ဆီး ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိ ပါသည်။





0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video