မကွေး၊
ဇန်န၀ါရီလ ၂၃ ရက်
၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ ၂၃ ရက်နေ့ နေ့လည် ၂ နာရီခွဲခန့်တွင် အောင်လံမြို့နယ်၊ စကားတောင် ရဲကင်း စခန်းမှူး ရဲအုပ် မျိုးနိုင်သည်
တာဝန်ဆောင်ရွက်နေစဉ် အောင်လံမြို့နယ်၊ ဒါးစမ်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွားကြောင်း
ဒါးစမ်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ဦးမှ ဖုန်းဖြင့်ဆက်သွယ် အကြောင်း ကြားချက်အရ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဟန်စိန်နှင့်အဖွဲ့၊
ပြလို့မီးသတ်စခန်းမှ တပ်ကြပ်ကြီး ကျော်ဇင်လတ်နှင့်အဖွဲ့တို့သည် မီးသတ်ယာဉ်(၁)စီးနှင့်အတူ
သွားရောက်ခဲ့ရာ အောင်လံမြို့နယ်၊ ဒါးစမ်းကျေးရွာနေ ဦးဆယ်ကြီး၊ ၃၄ နှစ်၏နေအိမ်၌ ထမင်းချက်ရာမှ
ကျန်ရှိသည့် မီးကြွင်း/မီးကျန် မှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
မီးလောင်းကျွမ်းမှုကြောင့်
ဦးဆယ်ကြီး၏ ထရံကာသက္ကယ်မိုးနေအိမ်(၁)လုံး၊ ဦးကျော်စိုး၏ ထရံကာ သက္ကယ်မိုးနေအိမ်(၁)လုံး၊
ဦးအောင်ကျော်၏ ထရံကာသက္ကယ်မိုးနေအိမ်(၁)လုံး၊ ဦးအောင်ဝင်း၏
သွပ်မိုးထရံကာနေအိမ်(၁)လုံး၊ ဦးဇော်လင်း၏
သွပ်မိုးထရံကာနေအိမ်(၁)လုံး၊ ဦးတင်ထွန်း၏ သွပ်မိုး ထရံကာနေအိမ်(၁)လုံး၊ ဒေါ်ယဉ်ထွေး၏
သွပ်မိုးထရံကာနေအိမ်(၁)လုံး၊ စုစုပေါင်းနေအိမ်(၇)လုံးနှင့် ဦးဆယ်ကြီး ပိုင်ဆိုင်သော
NEW XONBO CZI 125 အနက်ရောင် ဆိုင်ကယ်(၁)စီး၊ ဦးတင်ထွန်း ပိုင်ဆိုင်သော စပါး(၁၅)တင်း၊ ဦးအောင်ဝင်း ပိုင်ဆိုင်သော မြေပဲ(၈)တင်းတို့ မီးလောင်ဆုံးရှုံးခဲ့သဖြင့် ဦးဆယ်ကြီးအား အောင်လံမြို့နယ်၊
ဒုရင်္ဂဗိုလ်နယ်မြေရဲစခန်း(ပ)၅/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ အရ အရေးယူဆောင်ရွက်ခဲ့ရကြောင်း
သတင်းရရှိပါသည်။










0 comments:
Post a Comment