Wednesday, January 23, 2019

မကွေး၊ ဇန်န၀ါရီလ ၂၂ ရက်
၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ ၂၂ ရက်နေ့ နံနက် ၁ နာရီခန့်တွင် မကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်းမှ ဒုရဲအုပ် နောင်နောင်စိုးနှင့်အဖွဲ့သည် သက်သေများနှင့်အတူ ညဉ့်ဦးလှည့်ကင်းတာဝန်ဆောင်ရွက် နေစဉ် ၆၇ယ/၂၀၁၈၀ NEW ZHINENG SMASH 125 အဖြူရောင်ဆိုင်ကယ် စီးနင်းလာသော မသင်္ကာဖွယ် လူငယ်တစ်ဦးအား တွေ့ရှိ၍ စစ်ဆေးရာ ထိုလူငယ်မှာ မင်းဘူးမြို့နယ်၊ စကုမြို့၊ အမှတ်(၂)အောင်ချမ်းသာ ရပ်ကွက်နေ ရဲထက်ကျော်၊ ၂၃ နှစ် ဖြစ်ကြောင်း သိရှိရပြီး ၎င်းဝတ်ဆင်ထားသော VOCTOR တံဆိပ်ပါ အပြာရောင်ဂျင်းဘောင်းဘီ ယာဘက်အိတ်ကပ်အတွင်းမှ အနက်ရောင်တိပ်၊ အနက်ရောင်ပလပ်စတစ် အိတ်တို့ဖြင့် ထုတ်ထားသော 88/1 တံဆိပ်ပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၅)ပြားနှင့် GOMAN တံဆိပ်ပါအနက်ရောင်ဂတ်စ်မီးခြစ်(၁)လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ရဲထက်ကျော်အား မကွေး မြို့နယ်၊ မကွေးနယ်မြေရဲစခန်း မူးယစ် (ပ)၂/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၆(ဂ) အရ အရေးယူခဲ့ပါသည်။
ထို့နောက် ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ ၂၂ ရက်နေ့ နံနက် ၄ နာရီကျော်ခန့်တွင် မကွေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့၊ ရဲအကူ တပ်ဖွဲ့ခွဲ၊ မှုခင်းအကူဌာနမှ ရဲအုပ် ၀င်းမျိုးသန့် ဦးဆောင်သောအဖွဲ့သည် သက်သေများနှင့်အတူ ရဲထက်ကျော်၊ ၂၃ နှစ်၏ ထွက်ဆိုချက်အရ မကွေးမြို့၊ ရန်မျိုးလုံရပ်ကွက်နေ မော်ကြီး(ခ)ကျော်ထက်ပိုင်မော်၊ ၂၉ နှစ်၏နေအိမ်အား မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး၏ မူးယစ်ဆေးဝါး ဖမ်းဝရမ်းအမှတ် ၂/၂၀၁၉ ဖြင့် ၀င်ရောက်ရှာဖွေရာ နေအိမ် နောက်ဖေး ခြံစည်းရိုးအခြေရှိ အမြင့် (၁၄)လက်မ အချင်း(၁)ပေခန့်ရှိ သံပုံးအတွင်းမှ 88/1 စာတမ်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ် ဆေးပြား (၁၁၅)ပြားနှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် အပြာရောင်ကပ်ခွါအိတ် (၁)လုံး၊ ခဲပြား အပိုင်းအစ(၆)ခု၊ Doaru စာတမ်းပါ ခေါင်းလိမ်းဆီဘူးခွံ(၁)ခု၊ အစိမ်းရောင်မီးခြစ် (၁)လုံး၊ အ၀ါရောင်မီးခြစ်(၁)လုံး၊ သုံးလက်စခဲပြား(၃)ခု၊ Lince ဘောပင်ပြောင်း(၁)ခု၊ Nokia စာတမ်းပါ အပြာရောင် သံဘူး(၁)ဗူး၊ ရွှေသဘာဝ တံဆိပ်ပါ ဆေးပေါ့လိပ်(၁)လိပ်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး အဆိုပါ မူးယစ်ဆေးဝါးများအား နတ်မောက်မြို့၊ တမာပင်ရပ်ကွက်နေ၊ ဇော်မောင်(ခ)ဇော်ရဲထွဋ်၊ ၃၀ နှစ်ထံမှ ၀ယ်ယူခဲ့ကြောင်း ပြောပြသိရှိရသဖြင့် မော်ကြီး(ခ) ကျော်ထက်ပိုင်မော်နှင့် ဇော်မောင်(ခ)ဇော်ရဲထွဋ် တို့(၂)ဦးအား မကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်း မူးယစ်(ပ) ၃/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/ ၂၁ အရ အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။





0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video