၂၀၁၉
ခုနှစ်၊ ဇန်န၀ါရီလ ၂၀ ရက်နေ့ ည ၇ နာရီခန့်တွင် ရဲအကူတပ်ဖွဲ့ခွဲ၊ မှုခင်းအကူဌာနစိတ်မှ
ဒုရဲအုပ် အေးနိုင်နှင့်အဖွဲ့၊ ရေနံချောင်းမြို့မရဲစခန်းမှ ဒုရဲအုပ် မျိုးလွင်နှင့်အဖွဲ့တို့သည်
သက်သေ များနှင့်အတူ မူးယစ်ဆေးဝါးသတင်းအရ ရေနံချောင်းမြို့၊ မြေနီခင်တောင်ရပ်ကွက်၊ အထက(၂)
လမ်းကြားတွင် စောင့်ဆိုင်းနေစဉ် ရေနံချောင်းမြို့၊ မြို့မတောင်ရပ်ကွက်နေ မျိုးမြင့်ထွန်း(ခ)ကိုမျိုး၊
၄၈ နှစ် မောင်းနှင် လာသော ၆၈ယ/၆၂၆၂၄ SUZUKI အနက်ရောင်ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရာ မျိုးမြင့်ထွန်း (ခ)ကိုမျိုး၏
ဝဲဘက်လက်အတွင်းမှ ခဲပြားဖြင့်ပတ်ထားသော 88/1 စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား (၄)ပြားနှင့်
၎င်းဝတ်ဆင်ထားသော အကျီင်္ယာဘက်အိတ်ကပ်အတွင်းမှ ငွေစက္ကူရောရာ(၄၅၀၅၀)ကျပ်အား
တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ရေနံချောင်းမြို့နယ်၊ မြို့မရဲစခန်း မူးယစ်(ပ)၁/၂၀၁၉၊
မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၆(ဂ)/၂၀(က) အရ
အရေးယူခဲ့ပါသည်။
ထို့နောက်
၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ ၂၀ ရက်နေ့ ည ၇ နာရီကျော်ခန့်တွင် ဒုရဲအုပ် အေးနိုင်နှင့်အဖွဲ့တို့
သည် သက်သေများနှင့်အတူ ရေနံချောင်းမြို့၊ မြို့မတောင်ရပ်ကွက်နေ မျိုးမြင့်ထွန်း (ခ)ကိုမျိုး၊
၄၈ နှစ်၏ နေအိမ် အား မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ မူးယစ်ဆေးဝါးရှာဖွေဖမ်းဆီးခွင့်
ဝရမ်းအမှတ် (၅/၂၀၁၉)ဖြင့် ၀င်ရောက်ရှာဖွေရာ မျိုးမြင့်ထွန်း(ခ)ကိုမျိုး၏ဇနီး မကြူကြူမာ၊
၄၅ နှစ်မှ နေအိမ် အပြင်ဘက်သို့ အနီရောင် ဗူး(၁)ဗူးအား လွင့်ပစ်သည်ကို တွေ့မြင်သဖြင့်
သက်သေများနှင့်အတူ ရှာဖွေရာ ၎င်းဗူးအတွင်းမှ ခဲပြား တစ်လိပ်လျှင် (၄)ပြားစီပါ ဆေးပြားလိပ်(၁၆)လိပ်အတွင်းမှ
88/1 စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား (၆၄)ပြား၊ ခဲပြားတစ်လိပ်လျှင်(၃)ပြားစီပါ ဆေးပြားလိပ်
(၂)လိပ်အတွင်းမှ 88/1 စာတမ်းပါပန်းရောင် စိတ်ကြွဆေးပြား (၆)ပြား၊ စုစုပေါင်းပန်းရောင်ဆေးပြား
(၇၀)ပြားတို့အား တွေ့ရှိရပြီး နေအိမ်အတွင်းမှ D//2 စာသားပါ စက္ကူဗူးခွံတစ်ခုအတွင်းမှ
ပလပ်စတစ် အစိမ်းရောင်ပိုက်တပ်လျက်ဗူးခွံ(၁)ခု၊ ပလပ်စတစ် အဖြူရောင် ဘေးပေါက်ပါ ဗူးခွံ(၁)ခု၊
(၁)ပေခွဲခန့်ရှိ ခဲပြားလိပ်(၁)လိပ်၊ ခဲပြားလိပ်အပိုင်း(၈)ခု၊ ရောင်စုံမီးခြစ် (၆)လုံး
တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ သဖြင့် ကိုမျိုးမြင့်ထွန်း(ခ)ကိုမျိုးနှင့် မကြူကြူမာတို့(၂)ဦးအား
ရေနံချောင်းမြို့၊ မြို့မရဲစခန်း မူးယစ်(ပ)၂/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါး များဆိုင်ရာ ဥပဒေပုဒ်မ
၁၉(က)/ ၂၁ အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။



0 comments:
Post a Comment