၂.၁၀.၂၀၁၈ ရက်နေ့ နံနက် ၈ နာရီမှ ၁၀ နာရီခွဲခန့်အထိ ထီးလင်းမြို့လယ် လမ်းဆုံတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိဒ္ဒိ ဦးစီးအဖွဲ့၊ မြို့နယ်စည်ပင်အဖွဲ့၊
မြို့နယ်မီးသတ် ဦးစီးမှူး ဦးဆန်းဦး ဦးစီးအဖွဲ့၊ မြို့နယ်သာသနာရေးမှူး
ဦးအောင်မင်း၊ မြို့နယ်ပြန်/ဆက်ဦးစီး ဦးကျော်မြင့်၊ ထီးလင်းမြို့မ ရဲစခန်းမှ
ဒုရဲအုပ် မြတ်မြတ်မိုး ဦးစီးအဖွဲ့၊ အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူး
ဦးခင်မောင်ထွေး၊ အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနွားမောင်တို့ ပူးပေါင်းအဖွဲ့သည်
မော်တော်ယာဉ်များ၊ ဆိုင်ကယ် များနှင့် ဖြတ်သန်းသွားလာသူ ပြည်သူလူထုများအား ယာဉ်/လမ်း
စည်းကမ်း စနစ်တကျရှိစေရေးနှင့် ယာဉ်ဆိုင်ကယ်စီးနင်း မောင်းနင်စဉ်
သတ်မှတ်အင်္ဂါရပ်များအပြင် ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင် များအား တစ်ပါတည်းပြည့်စုံစွာဖြင့်
စီးနင်းမောင်းနှင်ကြရန် အသိပညာပေးခြင်းနှင့် တိုင်းဒေသကြီး ယာဉ်အန္တရာယ်ကင်းရှင်ရေးကောင်စီ၏
ယာဉ်မောင်းသူများ လိုက်နာရန် လက်ကမ်းစာစောင်များ၊ မျက်နှာချင်းဆိုင် ယာဉ်(၂)စီးဆုံလျှင်
``မီးချမောင်းပါ´´ စာတန်း ပါရှိသော စတေကာများအား ဖြန့်ဝေ ပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း
သတင်းရရှိ ပါသည်။
Wednesday, October 3, 2018
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment