Wednesday, October 3, 2018

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့ည ၁၂ နာရီခန့်တွင် မကွေး နယ်မြေရဲစခန်းမှ ဒုရဲအုပ် နောင်နောင်စိုးနှင့်အဖွဲ့သည် မကွေးမြို့၊ ရန်မျိုးအောင်(၁၅)လမ်းနှင့် ခွါညိုလမ်းထောင့်၊ အောင်ချမ်းသာ အုပ်စုတွင် ပြည့်တန်ဆာများရှိနေကြောင်း သတင်းပေးချက်အရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေး ရာ ခွါညိုလမ်းထောင့်အရောက်တွင် ဆိုင်ကယ်တစ်စီးရပ်လျက် အမျိုးသား(၂)ဦးနှင့် အမျိုးသမီး (၂)ဦးတို့အား တွေ့ရှိရ၍ စစ်ဆေးမေးမြန်းရာ အမျိုးသား(၂)ဦးမှာ ဆိုင်ကယ်မောင်းနှင် ထွက်ပြေးသွားခဲ့ပြီး အမျိုးသမီး (၂)ဦးမှာ ပြည့်တန်ဆာကိစ္စအလို့ငှာ ကျော်ဇောသတင်းရှိသူ မကွေးမြို့၊ အောင်မေတ္တာ(ခ) ရပ်ကွက်နေ ငယ်တာ(ခ)ပေါက်ပေါက်၊ ၃၂ နှစ်နှင့် တစ်ရပ်ကွက်တည်းနေ မသူသူဝင်း၊ ၂၅ နှစ် တို့(၂)ဦးဖြစ်ပြီး ပြည့်တန်ဆာကိစ္စ ပျော်ပါးရန် သဘောတူညီမှု ရယူနေခြင်းဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သဖြင့် ငယ်တာ (ခ) ပေါက်ပေါက်နှင့် မသူသူဝင်း တို့ (၂)ဦးအား မကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်း (ပ)၅၃၆/၂၀၁၈၊ ပြည့်တန်ဆာနှိပ်ကွပ်ရေး ဥပဒေပုဒ်မ ၇(၁)(က) အရ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိပါသည်။

 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video