မကွေး
စက်တင်ဘာလ ၅ ရက်
မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ တောင်းတွင်းကြီးနယ်မြေအတွင်း
ခိုး/ဆိုး/လု/နှိုက်လျော့နည်း ပပျောက်ရေး အထူးစီမံချက်(လင်းယုန်စစ်ဆင်ရေး)အရ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့ ၁၀၃၀
နာရီအချိန်မှ ၁၂၃၀ နာရီအချိန်ထိ
တောင်တွင်းကြီးမြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး တင်မောင်ညို၊
အမှတ်(၂)မူးယစ်တပ်ဖွဲ့(မကွေး)မှ ရဲမှူး သန်းဇော်တို့သည် ယာဉ်အမှတ် 3H/3726 UD Counter မှုခင်းအသိပညာပေးပြခန်းယာဉ်ဖြင့်
မူးယစ်ဆေးဝါးအန္တရာယ် တားဆီးနှိမ်နင်း ရေး၊ မှုခင်းကျဆင်းရေး၊ ယာဉ်/လမ်းစည်းကမ်း
အသိပညာပေးဟောပြောခြင်း၊ လူကုန်ကူးမှု တိုက်ဖျက် ရေးဆိုင်ရာကိစ္စရပ်များအား တောင်တွင်းကြီးမြို့နယ်၊
ရွှေကြာအင်း(၂)ရပ်ကွက်၊ မြို့လယ်လမ်းဆုံအနီး ဗိုလ်ချုပ်ပန်းခြံရှေ့ တွင်ပြု လုပ်ခဲ့ရာ
လာရောက်ကြည့်ရှုသူ ကျေးရွာနေပြည်သူလူထု (၂၀၀) ဦးခန့်၊ အ.မ.က(မြို့မ)ကျောင်းမှ
ကျောင်းသား/သူ (၃၀၀)ဦးခန့်၊ စုစုပေါင်းအင်အား (၅၀၀)ဦးခန့် လာ ရောက် ကြည့်ရှုကြပြီး
ကြည့်ရှုသူများ အား လက်ကမ်းစာစောင် (၅၀၀)စောင်အား ဖြန့်ဝေခဲ့ကြောင်း သတင်း ရရှိပါသည်။





0 comments:
Post a Comment