မကွေး
စက်တင်ဘာလ ၅ ရက်
မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ မြိုင်မြို့နယ်အတွင်း
ခိုး/ဆိုး/လု/နှိုက်လျော့နည်း ပပျောက်ရေး အထူးစီ မံချက်(လင်းယုန်စစ်ဆင်ရေး)အရ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့ ၀၈၃၀ နာရီ အချိန်တွင်
မြိုင်မြို့မ ရဲစခန်းမှ ဒုရဲမှူး တင်ကိုကို
ဦးစီး(၁+၄)ဦး၊ မြိုင်မြို့၊ အမှတ်(၃) ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ
ကျောင်းအုပ်ဆရာကြီး ဦးတင့်လွင်၊ အမှတ်(၃) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေတို့နှင့်အတူ
မြိုင်မြို့၊ အမှတ် (၃) ရပ်ကွက်ရှိ အခြေခံပညာ အလယ်တန်း ကျောင်း(ခွဲ)တွင် ဆရာ/ဆရာမများ၊
ကျောင်းသား/ကျောင်းသူများ စုစုပေါင်းအင်အား (၈၅)ဦးတို့အား မြိုင်မြို့မရဲစခန်းမှူး
ဒုရဲမှူး တင်ကိုကိုမှ လုယက်မှု၊ မုဒိမ်းမှု၊ ဓါးထိုးမှုနှင့် အခြားသော မှုခင်းများ မဖြစ်ပွားစေရေးတို့အတွက်
အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ရာ ၀၉၃၀ အချိန် တွင် ပြီးဆုံးခဲ့ကြောင်းသတင်းရရှိပါသည်။
Subscribe to:
Post Comments (Atom)





0 comments:
Post a Comment