Sunday, September 16, 2018

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့် တွင် တောင်တွင်းကြီးမြို့နယ်၊ မြို့မ ရဲစခန်းမှ ဒုရဲအုပ် ချစ်စိုးမင်းနှင့် အဖွဲ့ သည်လှည့်ကင်းတာဝန် ဆောင်ရွက်နေစဉ် ဆတ်သွားဘူတာပေါ်တွင် တောင်တွင်းကြီးမြို့နယ်၊ ပတ်လည်ကြီးကျေးရွာနေ ဆန်းမင်းနိုင်၊ ၁၂ နှစ် အား လက်ထဲတွင် ကိုင်ဆောင် ထားသည့် Coopat အမျိုးအစား အနက်ရောင်ဖုန်း(၁)လုံး၊ ကာလ တန်ဘိုး ၅၀၀၀၀ိ/-ခန့်အား တွေ့ရှိရ သဖြင့် စစ်ဆေးမေးမြန်းရာ ၎င်းပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ ပြောဆိုပြသနိုင်ခြင်း မရှိ သဖြင့်နေအိမ် အဆောက်အဦ တစ်ခုအတွင်းမှ ခိုးယူလာသည်ဟု မသင်္ကာသဖြင့် ဆန်းမင်းနိုင် အား တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားနယ်မြေရဲစခန်း (ပ)၁၄၅/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၀/ကျင့် ၅၄ အရ အမှုဖွင့်အရေးယူ ဆောင်ရွက် လျက် ရှိကြောင်း သတင်းရရှိပါသည်။ 
 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video