၂၀၁၈
ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့ နေ့လည် ၁၂ နာရီ ၃၀ မိနစ်အချိန်တွင် မြိုင်မြို့နယ်၊ မြို့မ
ရဲစခန်းမှ ဒုရဲအုပ် ဇေယျာထွန်းနှင့်အဖွဲ့သည် နယ်မြေသတင်းစုံစမ်းနေစဉ် မြို့နယ်စည်ပင်ပန်းခြံအနီး၌ ဆိုင်ကယ်(၁)စီးအား ကာလတန်ဘိုးထက်လျော့၍ လိုက်လံရောင်းချနေ ကြောင်းသတင်းအရ သက်သေ များနှင့်အတူသွားရောက်
စစ်ဆေးရာ ပခုက္ကူမြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်နေ အေးမင်းကို (ခ) သူရဦး၊ ၂၂ နှစ် အား နယူးအမ်ဘို
၁၂၅ နက်/နီကြားရောင် ဆိုင်ကယ်နှင့်အတူတွေ့ရှိရပြီး ၎င်းဆိုင်ကယ်နှင့် ပတ်သက် ၍ ပိုင်ဆိုင်ကြောင်း
အထောက်အထား တစ်စုံတစ်ရာ ပြောဆိုပြသနိုင်ခြင်း မရှိသဖြင့် ခိုးယူလာသည်ဟု မသင်္ကာသဖြင့်
အေးမင်းကို (ခ)သူရဦးအား မြိုင်မြို့နယ်၊
မြို့မရဲစခန်း (ပ)၈၇၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/ကျင့် ၅၄ အရ အမှုဖွင့်အရေးယူ
ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment