မကွေး
စက်တင်ဘာလ ၄ ရက်
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့ ၁၀၀၀
အချိန်တွင် ပေါက်မြို့နယ်၊ ရေပြာနယ်မြေ ရဲစခန်းမှ ရဲအုပ် ကျော်ဇေယျ ဦးစီး
တပ်ဖွဲ့ဝင်(၁+၃)ဦး၊ ဆူးလေကုန်း(မြောက်)ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်မင်းထွန်း
တို့နှင့်အတူ ပေါက်မြို့နယ်၊ ဆူးလေကုန်း(မြောက်)ကျေးရွာ အုပ်ချုပ်ရေးမှူး
ဦးဇော်မင်းထွန်း အိမ်ဝိုင်းအတွင်းတွင် ကျေးရွာသူ/ကျေးရွာသား စုစုပေါင်းအင်အား
(၁၂၀)ဦးတို့အား ရေပြာနယ်မြေရဲစခန်းမှူး ရဲအုပ် ကျော်ဇေယျမှ မူးယစ်ဆေးဝါးအသိပညာပေး
ဟောပြောခြင်း၊ သက်ငယ်မုဒိမ်းပပျောက်ရေး အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ရာ
၁၂၀၀ အချိန်တွင် ပြီးဆုံးခဲ့ကြောင်း သတင်းရရှိရပါသည်။




0 comments:
Post a Comment