မကွေး
စက်တင်ဘာလ ၄ ရက်
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့ ညနေ ၅ နာရီအချိန်တွင်
တောင်တွင်းကြီး မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ် မိုးလွင်နှင့် အဖွဲ့သည် သက်သေရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊
မီးသတ် တပ်ဖွဲ့ဝင်များနှင့်အတူ လင်းယုန်စီမံချက်အရ
တောင်တွင်းကြီးမြို့ဝင် အနောက်ဂိတ် အနီး တောင်တွင်း-မကွေးကားလမ်းပေါ်တွင် မှုခင်းကျဆင်းရေးအတွက်
ပိတ်ဆို့ရှာဖွေစစ် ဆေးဆောင် ရွက်နေစဉ် တောင်တွင်းကြီးမြို့နယ်၊ သဖန်းကုန်း ကျေးရွာနေ ရဲမင်းထွဋ်၊ ၃၉ နှစ်၊ (ဖ) ဦးဝင်းကြည်
မောင်းနှင်လာသော ၆၂ယ/၂၇၆၆၅ SHAYAN 125 အနက်ရောင် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်
Tool Box အတွင်းမှ
အရိုးအသွား(၁၀) လက်မခန့် သံရိုး တပ်(၃)မြှောင်ပုံ စကေဘာ(၁)ချောင်းအား တွေ့ရှိသိမ်းဆည်းရမိသဖြင့်
ရဲမင်းထွဋ်အား တောင်တွင်းကြီးမြို့နယ်၊ မြို့မရဲစခန်း (ပ) ၂၈၅/ ၂၀၁၈၊ လက်နက်ပုဒ်မ ၁၉(င)
အရ အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိပါသည်။
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment