Saturday, August 25, 2018


မကွေး သြဂုတ်လ ၂၅  ရက်
        ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်ဇော် ဦးဆောင်၍  မကွေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ကျော်ထွန်း၊ မကွေး ဒုယာဉ်ထိန်း တပ်ဖွဲ့ခွဲမှ ဒုတပ်ဖွဲ့ခွဲမှူး၊ မှုခင်းရဲတပ်ဖွဲ့(မကွေး)မှ တပ်ဖွဲ့စုမှူး ၊ သတင်းရဲတပ်ဖွဲ့ (မကွေး)မှ ဒုတပ်ဖွဲ့ခွဲမှူး  တို့ပါဝင်သော တပ်ဖွဲ့များမှ စုပေါင်း၍ ရာဇမုနိဘုန်းတော်ကြီးကျောင်းသို့ ဆန်(၂)အိတ်၊ ဆီ(၅)ပိဿာ၊ တန်ဘိုး(၁၀၆၅၀၀ိ/-)အားလည်းကောင်း၊ အောင်မြေရတနာ ဘုန်းတော်ကြီးကျောင်းသို့ ဆန် (၅)အိတ်၊ ဆီ(၁၀)ပိဿာ၊ တန်ဘိုး(၁၈၀၀၀၀ိ/-)အားလည်းကောင်း၊ ပုည၀တီဘုန်းတော်ကြီး ကျောင်းသို့ ဆန်(၃) အိတ်၊ ဆီ(၁၀)ပိဿာ၊ တန်ဘိုး(၁၅၀၀၀၀ိ/-)အား လည်းကောင်း ဆရာဒကာ လှူဒါန်းမှုအဖြစ် သွားရောက် လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။ 



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video