မကွေး သြဂုတ်လ ၂၅ ရက်
၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့ နံနက် ၈
နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ အစည်းအဝေးခန်းမ၌
တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်ဇော်မှ ရဲချုပ်ဒိုင်း
ဘော်လီဘောပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော အုပ်ချုပ်သူ ဒုရဲမှူး စိုးသိမ်းထွန်း
ဦးစီးတပ်ဖွဲ့ဝင် အမျိုးသား/အမျိုးသမီးအသင်းသားများအား တွေ့ဆုံအားပေးခဲ့ပြီး
အမျိုးသမီးအသင်းမှာ ဒုတိယဆု (ဆုတံဆိပ်နှင့်ငွေသား(၂)သိန်းကျပ်)၊ ရဲဒုတပ်ကြပ်
အေးမာဝေနှင့် ရဲတပ်သား ဇာကြည်အေး တို့သည် အကောင်းဆုံးအမျိုးသမီးဆု(ဆုတံဆိပ်နှင့်
ငွေသား(၃)သောင်းကျပ်စီ)ရရှိခဲ့ကြောင်း သိရှိရပါသည်။
0 comments:
Post a Comment