Saturday, June 9, 2018

















မကွေး ၊ ဇွန်လ ၉
 ၁။    ၂၀၁၈ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့ နံနက် ၀၉၀၀ နာရီအချိန်တွင်  မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ရဲအကူတပ်ဖွဲ့ခွဲဝန်းအတွင်းရှိ ရဲဇာနည်ခန်းမတွင်  ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ပညာသင်ယူမည့် ကျောင်းသား/သူများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားအား မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးခင်မောင်အေးနှင့်ဇနီး မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဌ ဒေါ်ခင်မာလာအေး၊ ဒုတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှသန်း၊ ဦးစီး(ပ)ဦး/ရေး/ထောက် ဒုရဲမှူးကြီး တင်မိုးနှင့် အရာရှိ/အခြားဆင့်တပ်ဖွဲ့ဝင်များ၊ စာရေးဝန်ထမ်းများ၊ မိသားစုဝင်များ၊ ကျောင်းသား/သူများ စုစုပေါင်း(၂၁၆)ဦးတက်ရောက်ခဲ့ပါသည်။
၂။     အခန်းအနားတွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးခင်မောင်အေးမှ အဖွင့်မှာစကားပြော ကြားခြင်း၊ ရဲမှူးကြီးခင်မောင်အေးနှင့် ရဲမှူးကြီးလှသန်းတို့မှ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် တက္ကသိုလ်အဆင့် ကျောင်းသား/သူ(၂၂)ဦးအား တစ်ဦးလျှင်(၁၅၀၀၀)ကျပ်၊ အထက်တန်းအဆင့် ကျောင်းသား/သူ(၃၂)ဦးအား တစ်ဦးလျှင်(၁၂၀၀၀)ကျပ်၊ အလယ်တန်းအဆင့် ကျောင်းသား/သူ(၄၀)ဦး အား တစ်ဦးလျှင်(၁၀၀၀၀)ကျပ်၊ မူလတန်းအဆင့် ကျောင်းသား/သူ(၆၄)ဦးအား တစ်ဦးလျှင်(၈၀၀၀) ကျပ်၊ စုစုပေါင်းကျောင်းသား/သူ (၁၅၈)ဦးအတွက် ထောက်ပံ့ငွေစုစုပေါင်း(၁၆၂၆၀၀၀)ကျပ် ၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဌ ဒေါ်ခင်မာလာအေးမှ ကျောင်းသား/သူ (၁၅၈)ဦ်းအတွက် စာရေးကိရိယာပစ္စည်းများ ထောက်ပံ့မှုတန်ဘိုး(၁၃၆၄၅၀)ကျပ်၊ စုစုပေါင်း (၁၇၆၂၄၅၀)ကျပ်အား ထောက်ပံ့ပေးခြင်းများဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်မောင်အေးမှ နိဂုံးချုပ်အမှာစကားပြောကြားပြီး ၀၉၄၅ အချိန်အခမ်းအနားပြီးဆုံးကြောင်းသတင်းရရှိပါ သည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video