မကွေး ၊ ဇွန်လ ၁
၂၀၁၈ ခုနှစ်၊ ဇွန်လ
၁ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ဒုတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး
ရဲမှူးကြီး လှသန်း၏လမ်းညွှန်မှာကြားချက်အရ ဒုခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးဝင်းမှ အနီးကပ်ကြီးကြပ်၍
မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ငွေတင်ဦးစီး(၁+၃)ဦး၊ ရဲအကူ တပ်ဖွဲ့ခွဲမှ
ရဲအုပ် လှဝင်းဆွေ ဦးစီး (၁+၁၃)ဦး၊ မကွေးခရိုင်လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ
ဒုရဲအုပ် ညွန့်ဝင်း ဦးစီး(၂+၁၈)ဦး၊ မှုခင်းနှိမ်နင်းရေး တပ်ဖွဲ့စုမှ ရဲအုပ်
နန်းရဲဇော် ဦးစီး(၁+၁၀) စုစုပေါင်းတပ်ဖွဲ့ဝင် (၅+၅၀)ဦးတို့သည် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းမထုတ်ပြန်မှီ
မှုခင်းလျော့နည်းကျဆင်းရေး၊ တရားဥပဒေ စိုးမိုး
ရေးအတွက် ယာဉ်အမှတ် 9K/7365 Saloon မီးတန်းယာဉ်ပါကား(၃)စီး၊ မော်တော် ဆိုင်ကယ်(၁၀)စီးတို့ဖြင့်
မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ညနေ ၄ နာရီ ၀၅ မိနစ်အချိန် စတင် ထွက်ခွါပြီး မကွေးမြို့ ဗိုလ်ချုပ်လမ်း၊ နတ်မောက်လမ်း၊ မြို့ပတ်လမ်းအတိုင်း
အ.ထ.က(၃)ကျောင်းအား လည်းကောင်း၊ မဲထီးလမ်းအတိုင်း အ.ထ.က(၂)ကျောင်းအားလည်းကောင်း၊
ဗိုလ်ချုပ်လမ်း၊ ပြည်တော်သာလမ်း၊ အ.ထ.က(၁)လမ်းအတိုင်း၊
အ.ထ.က(၁)ကျောင်းအားလည်းကောင်း၊ လမ်း (၅)သွယ်၊ မြင်ကင်းလမ်းအတိုင်း တိုင်းပညာရေးမှူးရုံးအားလည်းကောင်း၊
ကမ်းနားလမ်း ကျောက်သား ဥယျာဉ် ညနေ ၅ နာရီ ၃၀ မိနစ်အချိန်တွင်
မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးသို့ ပြန်လည်ရောက်ရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲ
အောင်စာရင်းမထုတ်ပြန်မှီ မှုခင်းလျော့နည်းကျဆင်းရေး၊ တရားဥပဒေစိုးမိုး ရေးလှည့်ကင်းဆောင်ရွက်မှု
ပြီးဆုံးကြောင်းသတင်းရရှိပါသည်။
0 comments:
Post a Comment