Tuesday, June 26, 2018











မကွေး ၊ ဇွန်လ ၂၆
     ၂၀၁၈ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ ၀၉၀၀ အချိန် မကွေးခရိုင်၊ မကွေးမြို့၊ ပြည်တော်သာရပ်ကွက်၊ အထက(၁)လမ်းရှိ အဆင့်မြင့် မြို့တော်ခန်းမတွင် (၃၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားသို့ မကွေးတိုင်း ဒေသကြီး လွှတ်တော်ဥက္ကဌ ဦးတာ၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးစိန်ထွန်း၊ မကွေးတိုင်းဒေသ ကြီး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းဦးနှင့် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဆန်းလင်း၊ စာရင်းစစ်ချုပ် ဦးလှသန်း၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌ ဦးဇော်မျိုးဝင်း၊ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်မောင်အေး၊ ဒုတိယတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှသန်း၊  တိုင်းဒေသကြီး မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း ဒုတိယဥက္ကဌ ဦးသန်းထွန်းနှင့် တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဆုရရှိသူများ၊ ဆရာ/ဆရာမများ ကျောင်းသား/သူများ၊ သူနာပြုဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စုစုပေါင်းအင်အား (၅၀၀)ဦးခန့် တက်ရောက်ခဲ့ပြီး ဗဟိုအဆင့် ဆုရရှိ သူများ၊ (ထက်/လယ်/မူ)အဆင့်ဆုရရှိသူများနှင့် မှတ်တမ်းဓါတ်ပုံ ရိုက်ကူးခြင်း၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌနှင့် တက်ရောက်လာသူများမှ ခင်းကျင်းပြသထားသည့် ပြခန်းအား လှည့်လည် ကြည့်ရှုခြင်းများ ပြုလုပ်ခဲ့ပြီး ၁၀၂၀ အချိန် အခမ်းအနား ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Monday, June 18, 2018









Saturday, June 16, 2018



မကွေး၊ ဇွန် ၁၆                           
     မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ အမှတ်(၄)မကျီးချောင်းရပ်ကွက်နေ (ဦးမောင်မောင်)+ဒေါ်နှင်းနှင်းအေးတို့၏သား လ၂၆၁၆၁၀ ရဲတပ်သား သက်ထွေးအောင် သည် ရခိုင်ပြည်နယ်၊ အမှတ်(၃)နယ်ခြားစောင့်တပ်ခွဲ၊ ဘူးသီးတောင်တွင် တာဝန် ထမ်းဆောင်နေရာမှ ၁၀.၆.၂၀၁၈ ရက်နေ့(၀၉၂၀)အချိန်တွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်စဉ် ရေနစ်သေဆုံးသွားခဲ့သဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ ရဲရေးဌာနမှ  ထောက်ပံ့ငွေ (၃၀၀၀၀၀ိ/-) အား မင်းဘူးခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ ဒုခရိုင်ရဲတပ်ဖွဲ့မှူးရဲမှူး ဥာဏ်ကီးရှိန် မှလည်းကောင်း၊ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်မောင်အေးမှ ထောက်ပံ့ငွေ(၂၀၀၀၀၀ိ/-)အား လည်းကောင်း၊ မင်းဘူးမြို့နယ်၊ နဂါးနီဆေးရုံပိုင်ရှင် Dr. သိန်းထိုက်ရှိန်မှ ထောက်ပံ့ငွေ (၅၀၀၀၀ိ/-)အားလည်းေးကာင်း၊ စုစုပေါင်းထောက်ပံ့ငွေ (၅၅၀၀၀၀ိ/-)အား ရဲတပ်သား သက်ထွေးအောင်(သေဆုံးသူ)၏ မိခင်ေ



ဒ်ါနှင်းနှင်းအေးထံ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Friday, June 15, 2018















Thursday, June 14, 2018












Saturday, June 9, 2018

















မကွေး ၊ ဇွန်လ ၉
 ၁။    ၂၀၁၈ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့ နံနက် ၀၉၀၀ နာရီအချိန်တွင်  မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ရဲအကူတပ်ဖွဲ့ခွဲဝန်းအတွင်းရှိ ရဲဇာနည်ခန်းမတွင်  ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ပညာသင်ယူမည့် ကျောင်းသား/သူများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားအား မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးခင်မောင်အေးနှင့်ဇနီး မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဌ ဒေါ်ခင်မာလာအေး၊ ဒုတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှသန်း၊ ဦးစီး(ပ)ဦး/ရေး/ထောက် ဒုရဲမှူးကြီး တင်မိုးနှင့် အရာရှိ/အခြားဆင့်တပ်ဖွဲ့ဝင်များ၊ စာရေးဝန်ထမ်းများ၊ မိသားစုဝင်များ၊ ကျောင်းသား/သူများ စုစုပေါင်း(၂၁၆)ဦးတက်ရောက်ခဲ့ပါသည်။
၂။     အခန်းအနားတွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးခင်မောင်အေးမှ အဖွင့်မှာစကားပြော ကြားခြင်း၊ ရဲမှူးကြီးခင်မောင်အေးနှင့် ရဲမှူးကြီးလှသန်းတို့မှ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် တက္ကသိုလ်အဆင့် ကျောင်းသား/သူ(၂၂)ဦးအား တစ်ဦးလျှင်(၁၅၀၀၀)ကျပ်၊ အထက်တန်းအဆင့် ကျောင်းသား/သူ(၃၂)ဦးအား တစ်ဦးလျှင်(၁၂၀၀၀)ကျပ်၊ အလယ်တန်းအဆင့် ကျောင်းသား/သူ(၄၀)ဦး အား တစ်ဦးလျှင်(၁၀၀၀၀)ကျပ်၊ မူလတန်းအဆင့် ကျောင်းသား/သူ(၆၄)ဦးအား တစ်ဦးလျှင်(၈၀၀၀) ကျပ်၊ စုစုပေါင်းကျောင်းသား/သူ (၁၅၈)ဦးအတွက် ထောက်ပံ့ငွေစုစုပေါင်း(၁၆၂၆၀၀၀)ကျပ် ၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဌ ဒေါ်ခင်မာလာအေးမှ ကျောင်းသား/သူ (၁၅၈)ဦ်းအတွက် စာရေးကိရိယာပစ္စည်းများ ထောက်ပံ့မှုတန်ဘိုး(၁၃၆၄၅၀)ကျပ်၊ စုစုပေါင်း (၁၇၆၂၄၅၀)ကျပ်အား ထောက်ပံ့ပေးခြင်းများဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်မောင်အေးမှ နိဂုံးချုပ်အမှာစကားပြောကြားပြီး ၀၉၄၅ အချိန်အခမ်းအနားပြီးဆုံးကြောင်းသတင်းရရှိပါ သည်။

Find Us on Facebook

Popular Posts

Video