မကွေး ၊ ဇွန်လ ၂၆
၂၀၁၈ ခုနှစ်
ဇွန်လ ၂၆ ရက်နေ့ ၀၉၀၀ အချိန် မကွေးခရိုင်၊ မကွေးမြို့၊ ပြည်တော်သာရပ်ကွက်၊
အထက(၁)လမ်းရှိ အဆင့်မြင့် မြို့တော်ခန်းမတွင် (၃၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ
မူးယစ် ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့
အခမ်းအနားသို့ မကွေးတိုင်း ဒေသကြီး လွှတ်တော်ဥက္ကဌ ဦးတာ၊ တိုင်းဒေသကြီး
တရားသူကြီးချုပ် ဦးစိန်ထွန်း၊ မကွေးတိုင်းဒေသ ကြီး၊ လုံခြုံရေးနှင့်
နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းဦးနှင့် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်
ဦးဆန်းလင်း၊ စာရင်းစစ်ချုပ် ဦးလှသန်း၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌ
ဦးဇော်မျိုးဝင်း၊ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်မောင်အေး၊ ဒုတိယတိုင်း
ဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှသန်း၊ တိုင်းဒေသကြီး
မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း ဒုတိယဥက္ကဌ ဦးသန်းထွန်းနှင့် တိုင်း/ခရိုင်/မြို့နယ်အဆင့်
ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဆုရရှိသူများ၊ ဆရာ/ဆရာမများ
ကျောင်းသား/သူများ၊ သူနာပြုဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စုစုပေါင်းအင်အား
(၅၀၀)ဦးခန့် တက်ရောက်ခဲ့ပြီး ဗဟိုအဆင့် ဆုရရှိ သူများ၊ (ထက်/လယ်/မူ)အဆင့်ဆုရရှိသူများနှင့်
မှတ်တမ်းဓါတ်ပုံ ရိုက်ကူးခြင်း၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌနှင့်
တက်ရောက်လာသူများမှ ခင်းကျင်းပြသထားသည့် ပြခန်းအား လှည့်လည် ကြည့်ရှုခြင်းများ
ပြုလုပ်ခဲ့ပြီး ၁၀၂၀ အချိန် အခမ်းအနား ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment