Thursday, March 15, 2018



မကွေး ၊ မတ် ၁၅
၁။     ၂၀၁၈ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့ ညနေ ၆ နာရီ ၂၅ မိနစ်အချိန်မှ  ည ၈ နာရီ ၃၅ မိနစ်အချိန်ထိ ခေတ္တမကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှသန်း၏ ညွှန်ကြားမှုအရ မကွေးခရိုင်၊ ဒုတိယခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးဝင်းမှ အနီးကပ်ကြီးကြပ်ပြီး မကွေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူး ၀င်းကျော် ဦးစီး (၃) ဦး၊ မကွေးမြို့မရဲစခန်းမှူး ဒုတိယရဲမှူး သိန်းထွန်းဦးစီး(၁+၄)ဦး၊ ရဲအကူတပ်ဖွဲ့ခွဲမှ ဒုရဲအုပ် ကျော်ဇင်ထက် ဦးစီး (၂+၂၅) ဦး ၊ မကွေးခရိုင်လုံခြုံရေးတပ်ဖွဲ့ခွဲမှ ဒုရဲအုပ် အောင်ဝင်းလှိုင်ဦးစီး (၂+၂၅) ဦး၊ စုစုပေါင်း (၉+၅၄) ဦးတို့သည် အငယ်စား၊ အသေးစား၊ အလတ်စားဒေသထွက်ကုန်ပစ္စည်း ပြပွဲ/ ပြိုင်ပွဲမကျင်းပမှီ လုံခြုံရေးနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲနောက်ဆုံးနေ့ဖြစ်သဖြင့်  ခိုး/ဆိုး/လု/ နှိုက်မှု များ မဖြစ်ပွားစေရေး မှုခင်းကြိုတင် ကာကွယ်ရေးအတွက် မကွေးခရိုင်၊ မကွေးမြို့ပေါ်ရပ်ကွက်များသို့ အင်အားပြယာဉ်တင် လှည့်ကင်းများဖြင့် စိုးမိုးဆောင်ရွက်ခဲ့ပါသည်။
၂။      ည ၆ နာရီ ၃၀ မိနစ်မှစတင်၍ ယာဉ်တင်လှည့်ကင်းအဖွဲ့သည် အစိုးရရုံးလမ်းအတိုင်း ကျောက်သား ဥယျာဉ်သို့လည်းကောင်း၊ ည ၆ နာရီ ၄၀ မိနစ်အချိန်ကမ်းနားလမ်းအတိုင်း အောင်မေတ္တာအ၀ိုင်း၊ သစ်တော လမ်းမြင်းကင်းလမ်းတို့အားဖြတ်သန်း၍မကွေးတက္ကသိုလ်လမ်းဆုံ သို့လည်းကောင်း၊ ည ၇ နာရီ ၁၀ မိနစ် အချိန်တွင် မကွေးတက္ကသိုလ်လမ်းဆုံမှ တောင်တွင်းလမ်းအတိုင်း ကြာပန်းအ၀ိုင်း၊ မြို့ပတ်လမ်း၊ပြည်တော်သာ လမ်းအတိုင်းထွက်ခွါခဲ့ပြီး တိုင်းဒေသကြီးစည်ပင်ရုံးရှေ့သို့ လည်းကောင်း၊ ည ၇ နာရီ ၄၀ မိနစ်အချိန် တိုင်းဒေသကြီးစည်ပင်ရုံးရှေ့မှ ပြည်တော်သာ လမ်းအတိုင်း ဗိုလ်ချုပ်လမ်း၊ မြို့ရှောင်လမ်း၊ နတ်စင်လမ်း၊ မြသလွန်ဘုရားလမ်းတို့အားဖြတ်သန်းပြီး မြသလွန်ဘုရားသို့လည်း ကောင်း ည ၈ နာရီ ၅ မိနစ်အချိန်မြသလွန် ဘုရားမှ ကမ်းနားလမ်း၊ မဲထီးလမ်းတို့အား ဖြတ်သန်းပြီး ဒုရဲအုပ်ကျော်ဇင်ထက် ဦးစီးသော မော်တော်ယဉ် သည် ဗိုလ်ချုပ်လမ်း၊ ပြည်တော်သာလမ်း၊ မြို့ပတ် လမ်း၊ အ.ထ.က(၁)လမ်းတို့အား ဖြတ်သန်းပြီး ည ၈ နာရီ ၃၀ မိနစ်အချိန်တွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး သို့လည်းကောင်း ရဲမှူးစိုးဝင်းဦးစီးသော မော်တော် ယာဉ်နှင့် ဒုရဲအုပ် အောင်ဝင်းလှိုင် ဦးစီးသော မော်တော်ယဉ်တို့သည် ဗိုလ်ချုပ်လမ်း၊ အ.ထ.က (၁)လမ်း၊ မြို့ပတ်လမ်း၊ တောင်တွင်းလမ်း၊ လမ်း(၅)သွယ်တို့အားဖြတ်သန်းပြီး ည ၈ နာရီ ၃၅ မိနစ်အချိန်တွင် မကွေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးသို့ ပြန်လည်ရောက်ရှိခဲ့ပြီး အင်အားပြယာဉ်တင်လှည့်ကင်းစိုးမိုးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
၃။      ၂၀၁၈ ခုနှစ် မတ်လ ၁၄ ရက်နေ့ ည ၈ နာရီအချိန်မှ ည ၉ နာရီ ၃၅ မိနစ်အချိန်ထိ ခေတ္တမကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှသန်း၏ ညွှန်ကြားမှုအရ မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ငွေတင်၊ မကွေးနယ်မြေရဲစခန်းမှူး ရဲအုပ် ကျော်ထူး ဦးစီး(၃+၁၀)ဦး၊ အမှတ်(၄) ယာဉ်ထိန်း ရဲတပ်ဖွဲ့၊ ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ တပ်ကြပ်ကြီး ခွန်လျှံပိုင်ပါ(၃)ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဦးတို့ ပါဝင် သောပူးပေါင်း အဖွဲ့သည် အငယ်စား၊ အသေးစား၊ အလတ်စားဒေသထွက်ကုန်ပစ္စည်း ပြပွဲ၊ ပြိုင်ပွဲ မကျင်းပမီ လုံခြုံရေးနှင့် မှုခင်းကြိုတင်ကာကွယ်ရေးအတွက် မကွေးမြို့နယ်၊ အောင်ရတနာအုပ်စု၊ ရန်နိုင်ရပ်ကွက်၊ နတ်မောက်လမ်း Denko ဓါတ်ဆီဆိုင်ရှေ့တွင် မော်တော်ယာဉ်များ၊ မော်တော် ဆိုင်ကယ်များ ပိတ်ဆို့ရှာဖွေ စစ်ဆေးခဲ့ရာ ထူးခြားမှုမရှိပါကြောင်း သတင်းရရှိပါသည်။
အင်အားပြယာဉ်တင်လှည့်ကင်း စိုးမိုးဆောင်ရွက်မှုမှတ်တမ်းဓါတ်ပုံ 









0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video