Wednesday, March 14, 2018



မကွေး ၊ မတ် ၁၃
၁။     ၂၀၁၈ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန်မှ  ည ၇ နာရီ ၃၀ မိနစ်အချိန်ထိ ခေတ္တ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှသန်း၏ ညွှန်ကြားမှုအရ မကွေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ထွန်းမှ အနီးကပ်ကြီးကြပ်ပြီး မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ငွေတင်၊ မကွေးမြို့မရဲစခန်းမှူး ဒုတိယရဲမှူး သိန်းထွန်းဦးစီး(၇+၇)ဦးမှ အငယ်စား၊ အသေးစား၊ အလတ်စား ဒေသထွက်ကုန်ပစ္စည်း ပြပွဲ/ပြိုင်ပွဲ မကျင်းပမီ လုံခြုံရေးနှင့် ခိုး/ဆိုး/လု/နှိုက်မှုများမဖြစ်ပွားစေရေး မှုခင်းကြိုတင်ကာကွယ်ရေးအတွက် မကွေးခရိုင်၊ မကွေးမြို့ပေါ်ရပ်ကွက်များသို့ ဆိုင်ကယ်လှည့်ကင်း ဖြင့် စိုးမိုးဆောင်ရွက်ခဲ့ပါသည်။
၂။      ည ၇ နာရီ ၃၀ မိနစ်မှ  ည ၉ နာရီ ၃၀ မိနစ်အချိန်ထိ မကွေးမြို့၊ မြို့မအိုးဘိုရပ်ကွက်၊ ဧရာဝတီ တံတား(မကွေး)အ၀ိုင်းလမ်းဆုံတွင် ရဲတပ်ဖွဲ့ဝင် (၈+၂၇)ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် (၆)ဦး၊ အရန် မီးသတ်တပ်ဖွဲ့ဝင် (၄)ဦး၊ စုစုပေါင်း (၄၅)ဦးတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် မော်တော်ယာဉ်များ၊ မော်တော် ဆိုင်ကယ်များအား ပိတ်ဆို့ရှာဖွေစစ်ဆေးခဲ့ရာ ည ၈ နာရီ ၃၀ မိနစ် အချိန် မင်းဘူးမြို့နယ်ဘက်မှ မကွေးမြို့ ဘက်သို့ ဇင်မောင်မောင် (၂၀)နှစ်၊ (ဘ)ဦးနန်းခိုင်၊ ရန်နိုင်ရပ်၊ အောင်မင်္ဂလာရပ်ကွက်၊ မကွေးမြို့နေသူ မောင်းနှင်လာသော ၄၇ယ/၄၂၆၈ ကန်ဘို ၁၁၀ အနက်ရောင် ဆိုင်ကယ်အား စစ်ဆေးခဲ့ရာ ဆိုင်ကယ်ရှေ့ခြင်း အတွင်း ဆာလာအိတ်ဖြင့် ထည့်ထားသော လင်းမြွေအရှင် (၆)ကောင်၊ အလေးချိန် (၂)ပိဿာခွဲခန့်၊ (၁) ပိဿာလျှင် (၂၀၀၀၀ိ/-)ကျပ်နှုန်းဖြင့် စုစုပေါင်းတန်ဘိုး (၅၀၀၀၀ိ/-)ကျပ်ခန့်အား သိမ်းဆည်းရမိခဲ့သဖြင့် ည ၉ နာရီအချိန် မကွေးမြို့မရဲစခန်း နယ်ထိန်းအရာရှိ ရဲအုပ် ကျော်မင်းထွဋ်မှ မကွေးမြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ် ဦးသက်နိုင်ထံ လွှဲပြောင်းအပ်နှံခဲ့ပြီး သစ်တောအက်ဥပဒေဖြင့် ဆက်လက်အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ပါသည်။









 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video