မကွေး ၊ ဒီဇင်ဘာလ ၂၄
(၇၀)နှစ်မြောက် လွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ ပြည့်သူဆေးရုံးကြီးဝန်းအတွင်း၌
မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ရဲအကူတပ်ဖွဲ့ခွဲမှ ခေတ္တရဲအကူ တပ်ဖွဲ့ခွဲမှူး ဒုရဲမှူး
မင်းဇော်ဦး၊ မကွေးခရိုင် လုံခြုံရေးတပ်ခွဲမှ ဒုရဲအုပ် အောင်ဝင်းလှိုင်၊ တိုင်းမီးသတ် ဦးစီးမှူး ဦးအောင်ဝင်းစိန်၊
ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ပေါ်ဦး၊ မြို့နယ် ဆောက်လုပ်ရေးဦးစီးဌာန
ဦးတင့်ထူး နှင့် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဦးမြင့်ဇော် ဦးစီးသည့် စုစုပေါင်းအင်အား
(၂၁၇) ဦးတို့မှ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်း
(၀၇၃၀)အချိန်မှ (၀၉၃၀)အချိန်အထိ ချုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင်
ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များ ရှင်းလင်းခြင်းနှင့်
သန့်ရှင်းရေးပြုလုပ်ခြင်းတို့ဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း
သတင်းရရှိသည်။