Friday, September 29, 2017

မကွေး ၊ စက်တင်ဘာလ ၂၈

(၅၃)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ ရဲအကူတပ်ဖွဲ့ခွဲဝန်းအတွင်းရှိ အားကစားကွင်းတွင် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက် နေ့မှ ၂၈ ရက်နေ့ အထိ ဘောလီဘော၊ ပိုက်ကျော်ခြင်း၊ အပ်နဖားထိုး၊ စကောရွက်၊ သံပုံးရိုက်၊ အပြေး၊ ထုတ်စီးထိုး၊ ဂုန်နီအိတ် စွပ်ပြိုင်ပွဲများပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ပြိုင်ပွဲတွင်ဆုရရှိသော တပ်ဖွဲ့ဝင်/မိသားစုများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၇ နာရီ ၃၀ အချိန်မှ ၉ နာရီ ၃၀ မိနစ်အချိန်ထိ အဆိုပါ အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်မောင်အေးနှင့်ဇနီး၊ ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှသန်းနှင့်ဇနီး၊ ဦးစီး(ပ)ဦး/ရေး/ထောက် ဒုတိယရဲမှူးကြီး တင်မိုးနှင့်ဇနီး၊ မကွေးခရိုင် ရဲတပ်ဖွဲ့မှူး၊ မင်းဘူးခရိုင်ရဲတပ်ဖွဲ့မှူး၊ ခေတ္တရဲအကူတပ်ဖွဲ့ခွဲမှူးနှင့်ဇနီး၊ အရာရှိ/အခြားအဆင့် တပ်ဖွဲ့ဝင် ၅၀ ဦး၊ မိသားစု (၇၀) ဦး၊ စုစုပေါင်း အင်အား  (၁၂၀) ဦးခန့်တက်ရောက်ခဲ့ပြီး ပြိုင်ပွဲတွင် ဆုရရှိသည့် တပ်ဖွဲ့ဝင်/မိသားစုများအား ဆုများအသီးသီး ချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။ 
 
 

Sunday, September 24, 2017



မကွေး ၊ စက်တင်ဘာလ ၂၄
        (၅၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်းဝန်းအတွင်း၌ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲမှူးကြီး ခင်မောင်အေးနှင့် ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှသန်းတို့ ဦးဆောင်သည့် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးနှင့် မကွေးခရိုင်ရဲတပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးရဲတပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များ၊ စုစုပေါင်းအင်အား (၁၇၉) ဦးတို့မှ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ချုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များရှင်းလင်းခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ခြင်းတို့ဖြင့် ပြည်သူ့ အကျိုးပြုလုပ်ငန်းများ စု​ပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိ သည်။ 








Saturday, September 23, 2017


(၅၃)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ နံနက် ၉ နာရီ အချိန်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ တိုင်းဒေသကြီးပြည်သူ့ဆေးရုံကြီး၌ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်မောင်အေး ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များ စုစုပေါင်း အင်အား (၅၈)ဦး တို့က စုပေါင်းသွေး လှူဒါန်းခဲ့ရာ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်မောင်အေး၊ တိုင်းဒေသကြီးဒုတပ်ဖွဲ့မှူး ရဲမှူးကြီး လှသန်း၊ ရဲအကူတပ်ဖွဲ့ခွဲမှူး၊ မကွေး/မင်းဘူးခရိုင်ရဲတပ်ဖွဲ့မှူး၊ မကွေး/မင်းဘူးမြို့နယ်ရဲတပ်ဖွဲ့မှူး၊ သတင်း တပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ကမ္ဘာလှည့်ခရီးသည် လုံခြုံရေးတပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ဆေးရုံအုပ် ဒေါက်တာ ပေါ်ထွန်းက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ် ခဲ့ကြောင်းနှင့် သွေးလှူဒါန်းသူများအား အားဖြည့်ဆေးဝါးများ၊ အချိုရည်နှင့် အစားအစာများပေးအပ် ခဲ့ကြောင်း သတင်း ရရှိသည်။ 











Find Us on Facebook

Popular Posts

Video