Monday, August 21, 2017

မကွေး၊ သြဂုတ် ၂၁

၂၀၁၇ ခုနှစ်၊ သြဂုတ် ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ပခုက္ကူခရိုင် မှုခင်းနှိမ်နင်းရေး ဌာနစိတ်မှ တပ်ဖွဲ့ဝင်များနှင့် ပခုက္ကူမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ နယ်မြေလှည့်ကင်းဆောင်ရွက်နေစဉ် ပခုက္ကူမြို့၊ အမှတ် (၄) ရပ်ကွက်၊ ထင်းတန်းလမ်းနှင့် သီရိစန္ဒာ  လမ်းထောင့်အနီးတွင် မသင်္ကာဖွယ်တွေ့ရှိသူ ပွင့်ဖြူမြို့နယ်၊ ဈေးသစ်ရပ်၊ ကျောင်းတော်ရာကျေးရွာနေ ကျော်ဇင်ထက် (ခ)ကိုဇင်(ခ) ဖိုးသိန်း(ခ) မောင်သိန်း(ခ) တင်မင်းသန်း၊ ၃၃ နှစ်အား နံပါတ်မပါ CB-400 HONDA အဖြူရောင်ဆိုင်ကယ် ၁ စီးနှင့်အတူ တွေ့ရှိ၍ စစ်မေးရာ ၎င်းဆိုင်ကယ်အား ပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ ပြသ နိုင်ခြင်းမရှိသည့်အပြင် နေအိမ်/အဆောက်အဦ တစ်ခုခုအတွင်းမှ ခိုးယူလာသည်ဟု မသင်္ကာသဖြင့် ၎င်းအား ပခုက္ကူမြို့မရဲစခန်း (ပ)၁၄၈၂/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ကျင့် ၅၄ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

အမှုမှ တရားခံ ကျော်ဇင်ထက် (ခ)ကိုဇင်အား စစ်ဆေးရာမှ အောက်ပါ ယခင်ကျူးလွန်ခဲ့သော လိမ်လည်မှု၊ လူသတ်မှုများ ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သည့်အတွက် ၎င်းအား ဥပဒေ နှင့်အညီ တရားစွဲ တင်ပို့နိုင်ရေးအတွက် သက်ဆိုင်ရာရဲစခန်းများသို့ ဆက်လက် အကြောင်းကြား သွားမည်ဖြစ်ကြောင်း သတင်းရရှိသည် -

(၁) ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မရဲစခန်း (ပ) ၂၃၇/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၄၀၆/ကျင့် ၅၁၂ အမှုမှ  အလိုရှိသည့် တရားခံပြေး။

(၂) ရှမ်းပြည်နယ်၊ ဟဲဟိုးနယ်မြေရဲစခန်း (ပ) ၃၂/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ မှ ၃၀၂ သို့ ပြောင်းလဲရေးဖွင့်ခဲ့သည့် အမှုမှ အလိုရှိသည့် တရားခံပြေး။

(၃) မကွေးမြို့မရဲစခန်း(ပ) ၂၁၈၄/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀ အမှုမှအလိုရှိသည့်တရားခံပြေး။

(၄) မင်းဘူးမြို့မရဲစခန်း(ပ)၁၀၂၅/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၄၀၆/၄၂၀ အမှုမှ အလိုရှိသည့် တရားခံပြေး။

(၅) မကွေးမြို့မရဲစခန်း (ပ) ၁၂၈/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀ အမှုမှ အလိုရှိသည့်တရားခံပြေး။ (၆) ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့မရဲစခန်း (ပ)၇၉၆/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀ အမှုမှ အလိုရှိသည့်တရားခံပြေး။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video