မကွေး၊ ဇူလိုင် ၂၂
၂၀၁၇ ခုနှစ်၊ ဇူလိုင် ၂၂ ရက်နေ့ နံနက် ၅ နာရီ ၁၅ မိနစ်အချိန်မှ ၆ နာရီ ၃၀ မိနစ်အချိန်ထိ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ရဲအကူတပ်ဖွဲ့ခွဲဝန်းအတွင်းရှိ အောင်ဓမ္မာရုံတွင် ရာဇမုနိ တောင်ပေါ် ကျောင်းဆရာတော် နိုင်ငံတော်သြ၀ါဒစရိယ မဟာသဒ္ဓမဇောတိကဓဇ ဥူးကောလာသ ပါ ပင့်သံဃာ ၅ ပါးအား ပင့်ဆောင်၍ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၏ (၂၂) ကြိမ်မြောက် စုပေါင်း ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုအောင် အမှူးပြုသော တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးနှင့် ရဲအကူတပ်ဖွဲ့ခွဲ၊ မကွေးခရိုင်၊ မင်းဘူးခရိုင်၊ သတင်းတပ်ဖွဲ့၊ ယာဉ်ထိန်းတပ်ဖွဲ့၊ မှုခင်းတပ်ဖွဲ့၊ မူးယစ်တပ်ဖွဲ့တို့မှ အရာရှိ/အခြား အဆင့်တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များ စုစုပေါင်းအင်အား (၇၀) ဦးခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
အခမ်းအနားအား နမောတဿ ၃ ကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး၊ သံဃာတော်များအား အရုဏ်ဆွမ်း ဆက်ကပ် လှူဒါန်းခြင်း၊ ဆရာတော် ဥူးကေလာသထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ သံဃာ တော်များမှ ပရိတ် တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ဆရာတော်တစ်ပါးလျှင် သင်္ကန်း ၃ စုံနှင့် ၀တ္တုငွေစုစုပေါင်း (၂၅၀,၀၀၀ိ/-)အား ဆက်ကပ်လှူဒါန်းခြင်း၊ အောင်မြေရတနာကျောင်းတိုက် ဦးစီး ပဓါန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပဏ္ဍိစ္စသာရထံမှ ရေစက်ချအနုမောဒနာ တရား နာယူပြီး ဗုဒ္ဓသာသနံစိရံတိဌတု ၃ ကြိမ်ရွတ်ဆို၍ ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား အောင်မြင်စွာပြီးဆုံးခဲ့ကြောင်းနှင့် တရားနာ ပရိတ်သတ်များအား နံနက် ၇ နာရီအချိန်မှ ၉ နာရီ အချိန်ထိ လက်ဖက်ရည်နှင့် ကြက်သားပလာတာ ဧည့်ခံကျွေးမွေးခဲ့ကြောင်း သတင်းရရှိသည်။

0 comments:
Post a Comment