Tuesday, September 15, 2015



ဂန့်ဂေါ စက်တင်ဘာ ၁၅
မိခင်နှင့်ကလေး သေဆုံးမှုနှင့်ကျဆင်းမှု လျှော့ချနိုင်ရေး အထူးစီမံချက်ကို စက်တင်ဘာ ၁၅ ရက်တွင် ဂန့်ဂေါခရိုင် ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ပြုလုပ်သည်။ အဆိုပါ စီမံချက်ရေးဆွဲရာတွင် ခရိုင်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်မြင့်ဦးက ဦးဆောင်၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ် မိုးမိုးလှိုင်၊ မြိုနယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဘဏ္ဍာရေးမှူး ဒေါ်အေးအေးတို့နှင့် လူမှုရေး အသင်းအဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများဖြစ်သော ကျန်းမာရေးမှူးများနှင့် သားဖွါးဆရာမများ တက်ရောက်ကြ ကာ အသေးစိတ်စီမံချက်များ ရေးဆွဲကြကြောင်း သိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video