Sunday, September 13, 2015
10:31 AM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ပွင့်ဖြူ စက်တင်ဘာ ၁၁
ဧရာဝတီမြစ်ရေကြီးမှုများကြောင့်ပွင့်ဖြူမြို့နယ် မြစ်ကမ်းအနီးတည်ရှိသည့် ကျေးရွာများတွင်ဧရာဝတီ
မြစ်ရေ၀င်ရောက်၍ ရေဘေးကင်းလွှတ်ရာ ကုန်းမြင့်ပိုင်းကျေးရွာဝန်းကျင်များသို့ ယာယီပြောင်းရွှေ့ နေထိုင် လျက်ရှိသည်။ ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာတွင်အိမ်ထောင်စု(၁၅၈)စု၊လူဦးရေ(၆၇၂)ဦး မှီတင်းနေထိုင်လျက်ရှိရာဧရာဝတီမြစ်ရေ၀င်ရောက်မှုများကြောင့်ကုန်းဇောင်းကျေးရွာ မြောက်မုန်းမြောင်းမကြီး
ဘေးဝဲ/ယာတို့တွင်ယာယီ ပြောင်းရွှေ့ နေထိုင်လျက်ရှိကြသည်။ရေးဘေးပြေးရှောင်းလာသူ နန်းတော်ကျွန်းကျေးရွာ တောင်သူ ဦးမြင့်စိုးမှ သြဂုတ်လထဲကမုန်းချောင်းရေကြီးလို့ တစ်ခါပြောင်းရတယ်၊အခုဧရာဝတီမြစ်ရေကြီးလို့ပြောင်းရွှေ့ ရပြန်တယ်၊လူလည်းပင်ပန်း၊တိရိစ္ဆာတွေလည်း
ပြောင်းရွှေ့ရလို့ ပင်ပန်းနေပြီး၊ စိုက်ပျိုးရေးလုပ်ငန်းတွေလည်း ပျက်စီးနေပါပြီ၊ ဟုပြောပြ၍ သိရှိရသည်။
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment