Sunday, September 13, 2015


စေတုတ္တရာ စက်တင်ဘာ ၁၁
မုန်းချောင်းရေလှောင်တမံ ရေကြီး၊ရေလျှံမှုများကြောင့်ပျက်စီးဆုံးရှုံးခဲ့သော စေတုတ္တရာမြို့နယ်အတွင်းရှိ
 ခြင်းပြစ်ကိုင်းကျေးရွာ၊ပွင့်တောက်ကျေးရွာနှင့်ငလဲကျေးရွာအိမ်ထောင်စုများ ကျေးရွာပြောင်းရွှေ့
နေထိုင်နိုင်ရေးအတွက် အလှူငွေပေးအပ်ပွဲကို စက်တင်ဘာ(၁၀)ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါရေနစ်မြုပ်ပျက်စီးခဲ့သော
 ကျေးရွာ(၃)ရွာတွင် မှီတင်နေထိုင်ခဲ့သော အိမ်ထောင်စုများ ကျေးရွာ ပြောင်းရွှေ့ ထူထောင်နိုင်ရေးအတွက် မန္တလေးမြို့ စက်မှုဇုံ(၁) မဟာအောင်မြေ ကထိန်တော်အသင်း နှင့် ရေနံ့သာ ကိုကိုများအဖွဲ့တို့မှ ဦးစီး၍ စေတနာရှင်၊အလှူရှင်များမှ ခြင်းပြစ်ကိုင်းကျေးရွာအတွက် အလှူငွေကျပ်(၇၀)သိန်း၊ ပွင့်တောက်ကျေးရွာပြန်လည်ထူးထောင်နိုင်ရန် အလှူငွေ ကျပ်(၈၀)သိန်း၊ ငလဲကျေးရွာ
 ပြန်လည်ထူးထောင်နိုင်ရန် အလှူငွေကျပ် (၁၀၅)သိန်း၊စုစုပေါင်း အလှူငွေကျပ် (၂၅၅)သိန်း ကို ထောက်ပံ့ပေးအပ်လှူဒါန်းရာ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူများမှ လက်ခံရယူပြီး
 ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
စေတုတ္တရာမြို့နယ် ခြင်းပြစ်ကိုင်းကျေးရွာတွင်  အိမ်ထောင်စု(၈၈)စု၊လူဦးရေ(၃၄၁)ဦး၊ ပွင့်တောက်ကျေး ရွာတွင် အိမ်ထောင်စု(၁၁၄)စု၊လူဦးရေ(၅၃၂)ဦးနှင့် ငလဲကျေးရွာတွင် အိမ်ထောင်စု(၁၃၅)စု

၊လူဦးရေ(၅၉၇)ဦးမှီတင်းနေထိုင်လျက်ရှိရာ ရေကြီး၊ရေလျှံမှုများကြောင့် လူနေအိမ်များအတွင်း ရွှံ့နွံ့နှစ်များမြှပ်၍ ဆက်လက် နေထိုင်နိုင်ရန်မသင့်လျှော်သည့်အတွက် ကျေးရွာပြောင်းရွှေ့ နေထိုင်ကာ ပြန်လည်ထူးထောင်ရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်းသိရှိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video